Feb 28, 2014

Remove iphone Activation Lock By Ko Ko Wynn Pyay

ဒီနည်းလမ်းကို ရေးပေးလိုက်တာကတော့ ညီလေးတစ်ယောက် facebook မှာ ဖုန်းအသစ်ကြီး lock ကျနေလို့ ဆိုပြီး အကူညီတောင်းထားတွေ့လို့ ရှာရင်းနဲ့ အဆင်အပြေဆုံးနည်းလမ်းလေးမို့ မျှဝေပေးတာပါ ။ အကူညီက ကျွန်တော့ကိုတောင်းတာမဟုတ်ပါဘူး ကိုယ်ကကို မနေနိုင်မထိုင်နိုင်နဲ့ပါ။
sim ကိုမထုတ်ပဲ လုပ် တဲ့နည်းက စိတ်ရှည်လက်ရှည်နဲ့ block လုပ်ရပါမယ်။ sim ကိုထုတ်ပြီးလုပ်တဲ့နည်းလမ်းကတော့ block က တစ်ခါပဲလုပ်ပြီး sim ပြန်ထည့်ပြီး activate ပြန်လုပ်ပေးရပါမယ်ခင်ဗျာ။

အရင်ဆုံး 
၁ Home ကိုနှိပ်ပြီး 
၂ Emergency Call ကိုနှိပ်ပါ။
၃ 112 နှိပ်ပြီး Call ပါ။
၎ call ပြီဆိုရင် power ကိုနှစ်ချက် မြန်မြန်နှိပ်ပါ။
၅ ဖုန်းက sleep mode ဖြစ်သွားရင် home ကိုနှိပ်ပြီး slide ဆွဲပါ။
၆ all contacts မြင်ရရင် home ကို သုံးချက်မြန်မြန်နှိပ်ပါ။
၇ Slect ဖြစ်သွားရင် no name ကို တစ်ချက်နှိပ်ပြီ နောက်ထပ် သုံးချက်မြန်မြန်နှိပ်ပါ။
၈ Block this Carrier ကို ရွေးပြီး သုံးချက်မြန်မြန်ထပ်နှိပ်ပါ။
၉ Block Contacts ကို ရွေးပြီး သုံးချက်မြန်မြန်နှိပ်ပါ။ Activation lock ပွင့်သွားပါလိမ့်မယ် မပွင့်မချင်း block Contacts ကိုနှိပ်ပေးရန်လိုအပ်ပါတယ်။ no name နှစ်ခုဖြစ်နေတယ်ဆိုရင် တစ်ခုကို လေးငါးကြိမ်လောက် အရင်လုပ်ပါ မရမှ အပေါ်ဆုံး back မျှားလေးကို နှိပ်ပြီး နောက် no name ကို ရွေးပြီး ထပ်လုပ်ကြည့်ပါ ။ အဆင်ပြေသွားပါလိမ့်မယ် ။ အကြိမ်ကြိမ် လုပ်မကြည့်ချင်ဘူးဆိုသူတွေကတော့ sim မထည့်ပဲ
new contacts create
done
မှ Block this Contacts ကို block လုပ်ပေးပါ။ တစ်ကြိမ်ထဲ လုပ်ရမှာပါ။ lock ပွင့်သွားမှ home ပြန်နှိပ်ပေးပါ။ application တစ်ခုကိုဖွင့်ပြီး ပါဝါ နှိပ်ပြီး ပြန်ဖွင့်ပါ။ sim activate ပြန်လုပ်တဲ့ နေရာ ရောက်သွားပါလိမ့်မယ်ခင်ဗျာ သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေခင်ဗျာ ။
တွေ့တာလေး ပြန်လည်မျှဝေပေးတာပါ စမ်းစရာအလုံးတော့မရှိပါဘူး အမှားပါရင်ခွင့်လွှတ်ပေးပါခင်ဗျာ။

Video file ဒေါင်းကြည့်ရန်
>> Download <<

No comments:

Post a Comment

Followers