Jan 10, 2014

Install Ubuntu 13.10 and Windows dual boot installation !!!

ကျွန်တော်ဒီပိုစ့်မှာ မိမိစက်ထဲမှာရှိတဲ့ Windows 7 နဲ့  Ubuntu တွဲပြီးတင်တဲ့နည်းလေးကိုဖော်ပြပေး
သွားပါမယ်။ အရင်ဆုံး မိမိ ၀င်းဒိုးအဟောင်းမှာသူ့အတွက်နေရာ ဥပမာ Windows မှာဆိုရင် ( c) နေရာ
ပေါ့ဒီလိုမျိုးထားဖို့နေရာတစ်ခုတော့ Partition ခွဲပေးထားရပါမယ်။ အဲ့လို Partition ခွဲဖို့မလုပ်တက်ရင်


How to Partition Your Hard Drive in Windows 7 !!! အလွယ်ကူဆုံး ပါတေးရှင်းခွဲနည်းးးးး  
အရင်ဝင်ကြည့်လိုက်ပါ။ Partition ခွဲပြီးရင်ဆိုတော့ အောက်ကဆင့်တွေကိုကြည့်ပြီး ဘယ်လို dual boot installation လုပ်လဲဆိုတာလုပ်သွားပါ။ ကျွန်တော်ကတော့ Ubuntu အတွက် 5.4GB လောက်ပဲခွဲထား
တဲ့အတွက် အဲ့ဒီ့ 5 GB ပေါ်မှာပဲပြသွားမှာပါ။ သူငယ်ချင်းတို့ကတော့ ကိုယ်ထားတဲ့ GB ပေါ်မူတည်ပြီး
ခွဲသွားလိုက်ပါ။
CD or USB ကပဲဖြစ်ဖြစ် boot တက်လာရင် အခုလိုတွေ့မြင်ရင် Install Ubuntu ဆိုတာကိုကလစ်ပါ။

Dual boot window7,8,XP  ( ဘာပဲဖြစ်ဖြစ် )တွဲတင်ဖို့အတွက် "Something else" ဆိုတာကိုရွေး
ပါမယ်။

ဒီအဆင့်တွေကအရေးကြီးပါတယ်။ ဒါကြောင့်သေချာကြည့်ပါ မလုပ်တက်ရင် အကုန်လုံးရှိပြီးသားတွေပါ
ပျတ်ဆီးသွားနိုင်ပါတယ်။ အခုပြထားတဲ့ /dev/sda ဆိုတာကိုနှိပ်ပါ။ ကျန်တဲ့အစိတ်အပိုင်းတွေကို
ဘာတွေပါပါမကြည့်ပါနဲ့ မျက်စိရှုပ်မှာစိုးလို့ အရှင်းဆုံးပြထားတာပါ။ Ubuntu  install လုပ်ဖို့အတွက်
"New Partition table" ဆိုတာကို ကလစ်ပါ။

Ubuntu အတွက်ထားဖို့နေရာကို အနည်းဆုံး (5GB) ထားရပါမယ်ဒါကြောင့် ကျွန်တော်တို့သူ့ကို 5GB အတွက် 5368 လောက်ထားလိုက်မယ်။အလွယ်ကူဆုံးမှတ်ထားရရင် 1000 ကို 1GB လို့မှတ်ထားပါ။ပြီးရင် "Beginning"select ပေးပါ။ Use as မှာတော့ "Ext4 journaling file system" ထားပါမယ်။
Mount point မှာတော့ "/"  ဒီလိုလေးရွေးပေးလိုက်ပါ။ ပြီးရင် Ok နှိပ်ပါ။

ပြီးရင်နောက်ထက် Device for boot loader installation ဆိုတဲ့နေရာမှာ /dev/sda1 ဆိုတာယူပါ။
ပြီးရင် ကျွန်တော်တို့ အရင်ယူခဲ့တဲ့ /dev/sda  ဆိုတာကိုနှိပ်ပါ။ ပြီးရင်ခုနကအတိုင်း "New Partition table" ဆိုတာကို ကလစ်ပါ။

အခုလိုပေါ်လာရင် ပြထားတဲ့အတိုင်း Logic  ကိုပွိုင့်ပြမယ်။ ပြီးရင် သူ့ကို 250 လောက်ပဲထားလိုက်မယ်။
ပြီးရင် Beginning မှာပွိုင့်ပြမယ်နော်။ ပြီးရင် Swap area ကိုယူမယ်နော်..။ ပြီးရင် Ok ပေါ့
ပြီးရင် ပထမကယူထားတဲ့ ext4 / ဆိုတာကို ကလစ်ပြီး "Install Now" နှိပ်ပါ။


ကျန်တာတော့ဘာမှမခတ်ပါဘူး အောက်မှာပြထားတဲ့အဆင့်အတိုင်း အေးအေးဆေးဆေးလုပ်သွားလိုက်ပါ။


Select your location
ဒီမှာတော့ မိမိ location ကိုရွေးပါမယ်။ မိမိနေတဲ့နေရာကို မောစ့်လေးနဲ့နှိပ်လိုက်ပါ။ ဒီအဆင့်မှတော့
 internet  connected ဖြစ်ဖို့အတွက် top-right-hand corner မှ network ဆိုတာကိုနှိပ်လိုက်ပါ။


Select your preferred keyboard layout
language option မှာ မိမိကြိုက်ရာ  Keyboard Layout  ကိုရွေးပါ။



Enter your login and password details
မိမိနာမည်ကိုထည့်ပေးပါမယ်။ ပြီးရင် Password ကိုမှတ်မိလွယ်တဲ့ ဟာထည့်ပေးပါ။ နောက်ပိုင်း
Software တွေ Install လုပ်တိုင်း ဒီ pass ကိုပဲအသုံးပြုရမှာပါ။ အောက်မှာတော..
မိမိ ကွန်ပြူတာကိုဝင်တိုင်း Password ထည့်ပြီးဝင်ချင်ရင် Require my password to log in ကိုရွေး
လိုက်ပါ။ ဒါမှာမဟုတ် ဒီတိုင်းပဲဝင်ချင်တယ် pass မခံချင်ရင်တော့ အပေါ်က Log in automatically ကို
နှိပ်လိုက်ပါ။ ပြီးရင် Continue နဲ့ဆက်သွားပါမယ်။


Ubuntu One
Ubuntue One မှာတော့ နောက်ထပ်လုပ်ခွင့်တွေရှိပါတယ်။ ဖိုင်တွေကို 5GB ထိသိမ်းထားနိုင်ပါတယ်။
ပြထားတဲ့အတိုင်း မိမိ Email ကိုထည့်ပါ။ ပြီးရင် Pass ကိုထည့်ပါ။ ပြီးရင် ဆက်သွားပါမယ်။


Ubuntu while system installs
ဒါကတော့ install လုပ်နေတာပါ။ ခဏစောင့်နေရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်ပါအုန်း။


That’s it.
ဒီအဆင့်မှာတော့ computer restart လုပ်ပါမယ်။ Restart Now ကိုနှိပ်ပါ။ ပြန်တက်လာရင် Ubuntu ရဲ့
လှပတဲ့ Screen ဒီဇိုင်းလန်းလန်းလေးကိုမြင်တွေ့ရမှာပါ။



အားလုံးပဲ လာရောက်လလည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကြော်ငြာလေးတစ်ချက်လောက်ကလစ်ခဲ့ပါချစ်သူငယ်ချင်းတို့ရေ.....

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

                                credit   MM-Ubuntu.blogspot.com
refer http://www.mm-ubuntu.org/2013/11/install-ubuntu-1110-and-windows-dual.html

No comments:

Post a Comment

Followers