Jul 18, 2013

comand prompt လေး ကို သုံးပြီး model number တို့  serial number တို့ ကြည့် မယ်


ကွန်ပျုတာ တစ်လုံး မှာ အကြောင်းအမျိုးမျိုးကြောင့် model number တို့  serial number တို့ ကို ကြည့် ဖို့ 
အတွက် အခက် အခဲ ရှိတယ် ဆိုရင်တော့  အခုပြောမယ့် နည်း လေး ကတော့ အဆင်ပြေစေ မှာ ဖြစ်ပါတယ်
Command prompt လေး ကိုအသုံးပြုပြီး ကြည့် လို့ ရပါတယ်
Command prompt လေး ကို အသုံပြီး ကြည့် ကြည့် ကြမယ်ဗျာ

ပထမဆုံး ကိုယ့်  ကွန်ပျူတာ ရဲ့ Model Number လေး ကိုကြည့် ကြည့်ကြမယ်
1.    ပထမဆုံး command prompt ကိုခေါ်ဖို့ အတွက် ကီးဘူတ်က Window Key+ R key ကို တွဲ ပြီးနှိပ်လိုက်ပါ။
2.    Run Box လေးတက်လာမှာဖြစ်ပါတယ် Run Box လေး မှာ cmd လို့ ရိုက်ထည့် လိုက်ပါ ပြီးရင် ok ကို နှိပ် ပါ ။ ဒါမှ မဟုတ်ရင် လဲ ကီးဘုတ် မှာ Enter ကိုခေါက်ပေးလိုက်ပါ ။ အောက်မှာ ပုံလေးပြထားပါတယ် ။



3. ပြီးရင်တော့  Comand Prompt လေး ကျလာ ပြီ အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။


4. အောက်မှာပေးထားတဲ့ စာလေးကိုရိုက်ထည့် လိုက်ပါ ။
wmic csproduct get name ပြီးရင် ကီးဘုတ်မှာ  Enter ကို ခေါက်လိုက်ပါ။
  မြင်ရပါပြီ မိမိ ကွန်ပျူတာ ၏ Model number လေး ကိုပါ။


ဒီတစ်ခါတော့ မိမကွန်ပျူတာ ရဲ့ Serial Number ကိုကြည် မယ် ။





အထက် က ပြောခဲ့ တဲ့  အတိုင်းပဲ Command Prompt လေး ကိုခေါ်လိုက်ပါ။
ပြီးရင်တော့  အောက်က စာလေး ကို ရိုက်ထည့် လိုက်ပါ ။
ပြီးရင်တော့ ကီးဘုတ် က Enter ခေါက်လိုက်ပါ
wmic bios get serialnumber ကဲမြင်ရပါပြီဗျာ မိမိ ကွန်ပျုတာ ၏ Serial Number ကို ..



မောင်အေးလွင် (ဘူးရေမျက်ရွာ) မှ ကူးယူမျှဝေသည်။

No comments:

Post a Comment

Followers