
ဝင်းမြတ်သူ: ကျွန်တော့ စက်မှာ open with ဆိုတာ ပျောက်နေ လို ဘယ်လိုဖြေရှင်းရမှာလဲ ကူညီပါ
Right Click ထောက်ရင် Open With မပေါ်တဲ့ပြဿနာက Virus ကြောင့်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်..Antivirus တစ်မျိုးမျိုးနဲ့ အရင် ရှင်းလိုက်ပါ.. ဒီပြဿနာက Registry မှာ Setting ပြောင်းသွားတာပါ.. ဒီတော့ Registry မှာ သွားပြီး ပြင်ကြတာပေါ့.. ကိုယ်တိုင် Registry Setting ကို သွားမပြင်ခင် Software လေးနဲ့ အရင် ပြင်ကြည့်ရအောင်..
လိုအပ်တဲ့ Software ကတော့SysTweak Regclean Pro ဖြစ်ပါတယ်.. အောက်ကလင့်မှာ ဒေါင်းပြီး Error ရှင်းနည်း အပြည့်အစုံကိုလည်း ပြပေးထားပါတယ်.. အဲဒါနဲ့ အရင်ရှင်းလိုက်ပါ.. ပြီးသွားရင် ကွန်ပျူတာကို Restart ချလိုက်ပါ.. ပြန်တက်လာရင် Right Click မှာ Open With ပေါ်နေတာကို မြင်ရပါလိမ့်မယ်...
ဒီအဆင့်နဲ့တင် အဆင်ပြေဖို့ ၉၀% သေချာပါတယ်..
တကယ်လို့များ မပေါ်သေးဘူးဆိုရင်. Registry ကို ကိုယ့်ဘာသာကိုယ် သွားပြင်ရမှာပေါ့.. မိတ်ဆွေက ဘယ်ဝင်းဒိုးလည်းပြောမထားဘူးနှော်. ကိစ္စမရှိပါဘူး.. ကဲ စရအောင်
1. Windows XP သမားက Start>Run (Windows Key+R) ကိုနှိပ်/ Windows 7 သမားက Start တစ်ချက်နှိပ်... regedit လို့ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ...
2. Registry Editor Box ကျလာပါမယ်.. အဲဒီမှာ ကော်လံနှစ်ခုပါပါတယ်.. ဘယ်ဘက်အခြမ်းမှာ My Computer ဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ကြီး (၄)ခု မြင်ရပါမယ်...
3. အဲဒီဘယ်ဘက်အခြမ်းက ခေါင်းစဉ်ကြီး (၄)ခုထဲက ပထမဆုံးဖြစ်တဲ့ HKEY_CLASSES_ROOT ဆိုတဲ့ စာလေးရဲ့ ဘယ်ဘက်ဘေး ( XP မှာ အပေါင်းလက္ခဏာ/ Win 7 မှာ ကြိဂံမဲမဲလေး ) ကိုတစ်ချက်နှိပ်လိုက်ပါ.. Folder တွေ အများကြီး ခွဲထွက်သွားတာကို မြင်ရမှာဖြစ်ပါတယ်..


4. ဘယ်ဘက်အခြမ်း Folder အများကြီးထဲကပဲ Unknown ဆိုတဲ့ Folder ကိုရအောင်ရှာပြီး ခုနကလိုပဲ ထပ်ခွဲလိုက်ပါအုံး...
5. ထပ်ခွဲထွက်လာတာက XP မှာဆိုရင်တော့ shell>openas>command အဆင့်ဆင့်ခွဲထုတ်လိုက်ပြီး command ဆိုတဲ့ Folder ကို တစ်ချက်ဖိလိုက်ပါ...

6. ဘယ်ဘက်က command ဆိုတာကို ဖိလိုက်ရင် ညာဘက်မှာ Default ဆိုတဲ့ Value ကိုတွေ့ရပါမယ်.. အနီကွက်နဲ့ ၀ိုင်းပြထားပါတယ်.. ညာဘက်က Default ကို Double Click ခေါက်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ကလေးမှာ..
%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1
7.Windows 7 သမားကတော့ Unknown ကိုခွဲလိုက်ရင် Folder နှစ်ခု တွေ့ရပါမယ်.. DefaultIcon နဲ့ Shell တို့ပဲဖြစ်ပါတယ်.. အဲဒီထဲက Shell ဆိုတဲ့ Folder ကိုထပ်ခွဲလိုက်ရင် openas နဲ့ opendlg ဆိုပြီး Folder နှစ်ခု ထပ်တွေ့ပါတယ်..

%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1
ပြီးရင် အဲဒီ Default ဆိုတဲ့ နာမည်ရဲ့အောက်မှာ DelegateExecute ဆိုတဲ့နာမည်နဲ့ Value တစ်ခု ထပ်တွေ့ပါလိမ့်မယ်.. သူ့ကိုလည်း Double Click ခေါက်ပြီး Value Data ဆိုတဲ့နေရာမှာ အောက်က စာသားလေးကို ထည့်ပြီး OK နှိပ်လိုက်ပါ..
{e44e9428-bdbc-4987-a099-40dc8fd255e7}

8. openas အောက်က command ကိစ္စပြီးသွားရင် ဘယ်ဘက်အခြမ်းက opendlg ဆိုတာကို ထပ်ခွဲလိုက်ပါ.. အဲဒီမှာလည်း command ဆိုတဲ့ Folder ကိုထပ်တွေ့ရပါမယ်.. အဲဒါကို ဖိလိုက်ပါ.. ညာဘက်မှာ Value တစ်ခုတွေ့ရပါမယ်.. (Default) ဆိုတဲ့ နာမည်နဲ့ပါ.. အဲဒါကို Double Click ခေါက်လိုက်ပြီး Value Data နေရာမှာ အောက်ကစာသားကို ထည့်ပြီး OK ကိုနှိပ်လိုက်ပါ..
%SystemRoot%\system32\rundll32.exe %SystemRoot%\system32\shell32.dll,OpenAs_RunDLL %1


9. ပြီးရင် Registry Editor ကို ပိတ်ပြီး ကွန်ပျူတာကို Restart လုပ်လိုက်ပါ.. ပြန်တက်လာချိန်မှာ Right Click မှာ Open With ကိုတွေ့မြင်ရမှာဖြစ်ပါတယ်...
အဆင်ပြေပါစေ..
မောင်ပေါက်...
Ref & Credit => http://www.mmithelper.com/2013/03/right-click-open-with.html
No comments:
Post a Comment