Windows7 ၌ My Computer ကို Right click ပေးပြီး Prorerties ကိုနှိပ်လိုက်လျှင် ကျလာသော OEM Information Dialog Box (Windows XP မှာတော့ System Properties) အတွင်းတွင် မိမိကြိုက်ရာ Logo ထပ်ထည့်သောနည်းဖြစ်ပါတယ်။
ထုံးစံအတိုင်း Start > Search Box > Regedit ဟုရိုက်ပြီး Enter ခေါက်ပါ။ ပြီးလျှင် အောက်က လမ်းအတိုင်းသွားလိုက်ပါ၊
[HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\OEMInformation]
OEMInformation ရဲ့ညာဘက်တွင် Right click ပေးပြီး String Value ကိုရွေးပါ၊
Value name ကိုမိမိကြိုက်ရာ နာမည်ပေးပါ၊ ဥပမာ.. Model, Logo စသည်တို့ပေးပါ၊
နာမည်ပေးပြီး ၄င်းကို Right click ပေး၍ Modify ရွေးပါ၊
Value data နေရာမှာတော့ မိမိ ထည့်လိုသော Logo ရှိရာသို့ ညွှန်းပေးရမည်၊
ဥပမာ .. ကျွန်တော့ Logo သိမ်းထားသော နေရာက C: တွင်ဖြစ်ပါသည်၊ဒါကြောင့် Value data နေရာတွင် C:/Logo.BMP ဟုပေးရပါသည်၊
ပြီးလျှင် OK နှိပ်ပြီး စက်ကို Restart လုပ်ပါ၊
မှတ်ချက်= မိမိထည့်လိုသော Logo File သည် BMP File ဖြစ်ရမည်
Size ကတော့120×120 Pixel ဖြစ်ရပါမည်။
No comments:
Post a Comment