Dec 4, 2013

Google Play မပါသော ဖုန်းများမှာ Google Play ထည့်သွင်းနည်း


Google Play ကို တိုက်ရိုက်ဝင်ပြီး download လုပ်လို့ရနေပါပြီ။ အရင်လို VPN, proxy, market unlocker တွေ ဘာမှ မလိုဘဲ တိုက်ရိုက် download လုပ်နိုင်ဖို့အတွက် အောက်မှာ ရေးထားတဲ့ အချက်တွေ ပြည့်စုံရပါမယ်။ ဒါပေမယ့် တရုတ်ဖုန်းအများစုမှာ google service မပါဝင်တဲ့အတွက် Play Store, Talk, GMail စတာတွေ သုံးလို့မရပါဘူး။ အဲဒီဖုန်းတွေမှာ Google Play ကိုဆော့ဝဲapk အတိုင်း install လုပ်ပြီး ထည့်မယ်ဆိုရင် icon ပဲ မြင်ရပြီး နှိပ်တာနဲ့ ပြန်ထွက်သွားမှာပါ။ Google Service ထည့်ဖို့အတွက် ဖုန်းမှာ clockworkmod recovery တင်ထားပြီးသားဖြစ်ရပါမယ်။ recovery ကနေ gapps.zip ကို သွင်းရပါမယ်။ google applications zip ကို မိမိဖုန်းနဲ့ သက်ဆိုင်ရာအလိုက် download လုပ်ပါ။ • ginger bread >>> http://goo.im/gapps/gapps-gb-20110828-signed.zip
• ics >>> http://goo.im/gapps/gapps-ics-20120429-signed.zip
• jelly bean >>> http://goo.im/gapps/gapps-jb-20130301-signed.zip
(download link ကိုသွားပြီးရင် 10 စက္ကန့်လောက် ခဏစောင့်ပါ။ download link ပေါ်လာပါလိမ့်မယ်။)
(2)ဖုန်းမှာ google account ထည့်ထားပြီးသားဖြစ်ရပါမယ်။ setting>account & sync မှာ မိမိရဲ့ gmail အကောင့်ကို ၀င်ထားပေးပါ။
(3) တစ်ချို့ဖုန်းတွေမှာ Play Store ပုံ ပါနေပြီး download လုပ်မရ မြင်သာမြင်မကြင်ရနဲ့ အဆင်မပြေရင်တော့ Play Store version ပြောင်းသုံးရပါမယ်။ ခုနောက်ဆုံး အဆင်ပြေတဲ့ 3.10.14 နဲ့ မှ အဆင်ပြေပါလိမ့်မယ်။
Google Play Store 3.10.14 http://www.mediafire.com/?h2mtw9s8r858lp1

အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

Post a Comment

Followers