Nov 28, 2013

Samsung Official Version 4.3 မြန်မာစာမပါသော ဖုန်းများကို Root ချမယ် မြန်မာဖောင့်သွင်းမယ် Samsung မြန်မာကီးဘုတ်သွင်းမယ်

Root လုပ်ဖို့နဲ့ မြန်မာဖောင့်ထည့်ဖို့ အတွက် အဆင်ပြေခဲ့တာလေးကို ပြန်လည်မျှဝေပေးတာပါ ခင်ဗျာ။
အခက်အခဲဖြစ်နေတဲ့သူငယ်ချင်းများအတွက်ပါ။ အဆင်ပြေပြီးသား သူငယ်ချင်းတွေလည်း သီးခံပြီး ဖတ်ပေးပါ။ အဆင်မပြေလို့ မေးထားတဲ့ သူငယ်ချင်းများအတွက် တင်ပေးတာပါခင်ဗျာ။

Root လုပ်ဖို့အတွက်ကတော့ အများကြီး မစဉ်းစားပါနဲ့ usb debug ကို on
Unknow  Sources ကို on ပြီး ကွန်ပျူတာ နဲ့ချိတ်ပါ Driver တော့တင်ထားအုံးနော် ပြီးရင် နာမည်ကြီးနေတဲ့ Vroot နဲ့သာ ချပါ။ ဖုန်းနဲ့ ကွန်ပျူတာနဲ့ သိသွားပြီး ဆိုရင်တော့ Root ဆိုတဲ့ ခလုပ်သာနှိပ်လိုက်ပါ။ ဖုန်း reboot ကျပြီး ပြန်တတ်လာပါလိမ့်မယ် အဲဒီမှာ Vroot ကလုပ်ဆောင်မှုက မပြီးသေးဘူး ဆက်လည်နေတာ ကြာနေတယ် ဆိုရင်
ဖုန်းထဲမှာ super user icon လေး ရောက်နေပြီးလား ဆိုတာ ကြည့်ပြီး ရောက်နေပြီ ဆိုရင်တော့ ဖုန်းကို ဖြုတ်လို့ရပါပြီး Vroot လည်နေရင်လည်း သူတစ်ယောက်ထဲ လည်ပါစေပေါ့ ကိုယ်နဲ့တော့ ရောမလည်နဲ့လေ ဟုတ်ဘူးလား။
ပြီးသွားရင်တော့ ဖုန်းထဲကို Root expoler , my_ZW.zip ,နဲ့ font .zip ဖိုင်လေးကိုတော့ zip ဖြည်ပြီးထည့်ပါ။ ပြီးသွားရင် Root expoler ကိုအရင် install လုပ်ပါ။ Request တောင်းရင် allow ပေါ့နော် internal sd ထဲမှာ ဖိုဒါအသစ်တစ်ခုဆောက်လိုက်ပါ။ ပြီးရင် system အောက်က app အောက်က knox နဲ့ ပက်သက်တဲ့ ဖိုင်အားလုံးကို ခုနက ဆောက်ထားတဲ့ folder ထဲကို ရွေ့ပေးလိုက်ပါ။ root explorer ထိပ်က RW/RO ကို RO ပြောင်းပါ။ ရွေ့ရမည်ဖိုင်များ
ContainerAgent.apk
KNOXAgent.apk
KNOXAgent.odex
KnoxAttestationAgent.apk
KnoxAttestationAgent.odex
KNOXStore.apk
KNOXStore.odex
KNOXStub.apk
  ပြီးသွားရင်တော့ font ဖိုဒါလေးထဲက Zawgyione2008.ttf ကို root explorer ပေါ်က ကူးပြီး system အောက်က fonts ဖိုဒါလေးထဲထည့်ပေးပါ။ ပြီးရင် အဲဒီဖောင့်ပေါ်မှာ ဖိထားပြီး permission ကို RW-R--R ချိန်းပေးပါ။ နောက်တစ်ခါ font ဖိုဒါလေးထဲက fallback_fonts.xml နှင့် fallback_fonts_sbrowser.xml ဖိုနှစ်ဖိုင်လုံးကို ကူးပြီး system အောက်က etc အောက်ထဲကိုထည့်ပေးပြီး permission ကိုလည်း RW-R--R ချိန်းပေးပြီး ဖုန်းကို restart ချပေးလိုက်ပါ။ ပြန်တတ်လာရင် နေရာတိုင်းမှာ မြန်မာလို မလွဲပဲ မြင်ရပါပြီခင်ဗျာ ကီးဘုတ်အတွက်ကတော့ ကြိုက်ရာကီးဘုတ်ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်ခင်ဗျာ မဟုတ်ဘူး samsung က Original ပေးတဲ့ မြန်မာစာပါတဲ့ ကီးဘုတ်လေးမှ လိုချင်တယ်ဆိုရင်တော့ my_ZW.zip လေးကို root explorer ပေါ်က ကူးပြီး system အောက်က sipdb ဖိုဒါလေးထဲကိုထည့်ပေးပြီး permission က RW-R--R ပြောင်းပေးပြီး restart ချပေးလိုက်ပါ။ ပြန်တတ်လာရင် settings/my device/language and input/Samsung keyboard ဘေးက စက်သွားပုံကိုနှိပ်ပါ။ ပြီးရင် +Select input languages ကိုနှိပ်ပါ Myanmar(Zawgyi) ဘေးက အမှတ်ကိုခြစ်ပေးပါ။ ပြီးရင်တော့ မြန်မာနဲ့အင်္ဂလိပ်တွဲသုံးချင်ရင်တော့ ကိုသုံးချင်တဲ့ English ကိုပါ အမှတ်ပေးလိုက်ပါ။ ပြန်ထွက်ပြီး keyboards and input methods အောက်က Default အောက်မှာ Samsung keyboard ကို ရွေးပေးလိုက်ပါ။ Original ကီးဘုတ်လေးနဲ့ လန်းနိုင်ပါပြီးခင်ဗျာ။ ဒါနဲ့မှ မကျေနပ်သေးဘူး တရုတ် super user ကြီးကိုမကြိုက် ဘူးဆိုသူတွေကတော့ impactor နဲ့ Root ပါ။ အဲလိုလဲ ဟုတ်သေးဘူး icon လေးတော့မြင်ချင်တယ် တရုတ်ကြီးတော့ ဟုတ်ဘူးဆိုသူတွေအတွက်ကတော့ mrw.zip ဖိုင်လေးကိုဖြည်ပါ။ ပြီးရင် internal sd ထဲကိုထည့်ပါ။ ပြီးရင် terminal Emulator ကို install လုပ်ပါ။ ပြီးရင် ဖုန်းထဲမှာ ဖွင့်လိုက်ပါ။ ပထမ su လို့ရိုက်ပြီး enter နှိပ်ပါ။ request တောင်းရင် allow ပါ။ နောက်တစ်ကြောင်းက
sh /sdcard/mrw/root.sh ရိုက်ပြီး enter ပါ။ ခဏလေးကြာရင်ဖုန်း reboot ကျသွားပြီးပြန်တတ်လာတာနဲ့ eng supersu ကို ပြောင်းပြီးသားဖြစ်သွားပါပြီ။ (ပထမ ဆုံး sh နဲ့ / ကြားမှာ space ပါတယ်နော် တော်ကြာမှ မရဘူးဆိုပြီး ဆဲနေမှာဆိုးလို့ )

Vroot

Root Explorer

Fonts

my_ZW

mrw

Terminal Emulator

ဒီလောက်ဆိုင်တော့ သူငယ်ချင်းအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ် အမှားပါတယ်ဆိုင်ရင်လည်းခွင့်လွှတ်ကြပါခင်ဗျာ လာရောက်လည်ပတ်တဲ့ သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
credit refer link  kokowynnpyay

No comments:

Post a Comment

Followers