Oct 2, 2013

Using Terminal Guide on Android Devices

အနော်တို့ Linux ပေါ်မှာ Terminal ပေါ်မှာ run သလိုမျိုး android ပေါ်မှာလေ့လာကြည့်ရအောင်
ဒီလိုမျိုး command တွေလေ့လာခြင်းအားဖြင့် one click bat file တွေကိုလွယ်လွယ်ကူရေးနိုင်မှာပါ
အရင်ဆုံး command လေးတွေလေ့လာကြည့်ရအောင်
ls=List current directory (ls က ကိုယ်ရောက်နေတဲ့နေရာသို့မဟုတ် ဖိုတာတစ်ခုရဲ့အထဲမှာဘယ်ဖိုင်တွေရှိတယ်ဘယ်ဖိုတာတွေရှိ
တယ်ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။)
cd=change directory (cd /system/app လို့ရိုက်လိုက်ရင် sysem ထဲမှာရှိတဲ့ app folder ထဲကိုရောက်သွားမှာဖြစ်ပါတယ်)
rm=remove (rm ဆိုတာကတော့ ဖြတ်တာပါ ။ဖိုင်တွေဖြတ်မယ်ဖိုတာတွေဖြတ်မယ်ပေါ့။ ဥပမာ
rm system/app/sample.apk လို့ရိုက်ထည့်လိုက်ရင် system ထဲက app folder ထဲမှာရှိတဲ့ sample.apk ဆိုတဲ့ဖိုင်ကိုဖြတ်လိုက်မှာဖြစ်ပါတယ်)
chmod=change mode (File/folder တွေကို permissions ပြောင်းတာပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။
rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်ပါတယ်။ )
dd=copy a file from one location to another  (file တွေကိုတစ်နေရ ကနေတစ်နေရာ ကူးဖို့အတွက်သုံးတာပါ)
dd if=/ of=/ =uses an input and an output file( file တွေကိုတစ်နေရာ ကနေတစ်နေရာ ကူးဖို့အတွက်သုံးတာပါပဲ ဥပမာ /sdcard/sample.apk ကနေ /system/app/sample.apk ကိုသွင်းချင်
ရင် ဒီ  command ကိုအသုံးပြုနိုင်ပါတယ်ဗျာ)
mount -o remount,rw /system= ဒီ command ကတော့ ကျွန်တော်တို့ system ထဲက file တွေကို edit လုပ်မဲ့ချိန် ပေးတာပါ
ဥပမာ- ကျွန်တော်တို့ မလိုအပ်တဲ့ system app တွေကို ဖြတ်ချင်ရင် ဒီ command ကိုအရင်ပေးပြီးမှ ဖြတ်လို့ရမှာပါ)
su= su ( su ကတော့သိတဲ့ အတိုင်း root ထားတဲ့ ဖုန်းကို Superuser အဖြစ်ပေးတာပါ
su ပေးမှ rm,mount -o remount,rw /system စတဲ့ command တွေပေးလို့ရမှာပါ)
reboot =reboot devices (ဖုန်းကို reboot လုပ်မဲ့အချိန်မှာ သုံးမှာပါ)
Ok အနော်တို့စလိုက်ရအောင်
အရင်ဆုံး  terminal apk ကို
http://www.mediafire.com/download/4ehn4bc9aq20p7n/Terminal_Emulator.apk
down လိုက်ပါ
ဖုန်းကလဲ root ထားပြီးဖြစ်နေရပါမယ်
1
Terminal apk ကိုဖွင့်လိုက်ပါ
su လို့ရိုက်လိုက်ပါ
superuser request တောင်းလာပါလိမ့်မယ် Ok ကိုရွေးပေးလိုက်ပါ

2
ls လို့ရိုက်လိုက်ပါ
device ထဲမှာရှိတဲ့ folder တွေနဲ့ file တွေကျလာပါလိမ့်မယ်
4
cd /system/app လို့ရိုက်လိုက်ပါ
ls လို့ရိုက်လိုက်ပါ
system/app ထဲက system app တွေကို မြင်ရပါလိမ့်မယ်
normal or system app သွင်းနည်း mm font သွင်းနည်း မလိုအပ်တဲ့ apk ကိုဖြတ်နည်းတွေကိုပြောပြပါမယ်

5
normal app သွင်းချင်ရင်
မိမိသွင်းချင်တဲ့ apk ကို data/app folder အောက်ကိုထည့်ပေးရမှာပါ
မိမိထည့်ချင်တဲ့ apk ကို sdcard ထဲထည့်ထားလိုက်ပါ eq.sample.apk
6
terminal မှာအောက်က command တွေကိုရိုက်လိုက်ပါ
su
mount -o remount,rw /system
dd if=/sdcard/sample.apk of=/data/app/sample.apk
chmod 777 /data/app/sample.apk
reboot
ဖုန်းပြန်တတ်ရလာရင် nomal apk အဖြစ်သွင်းပြီးသွားပါလိမ့်မယ်
သွင်းထားတဲ့ sample.apk ကို sdcard ထဲ backup ပြန်လိုက်ချင်ရင် အောက်က command တွေကို run ပေးလိုက်ပါဗျာ
su
mount -o remount,rw /system
dd if=/data/app/sample.apk of=/sdcard/sample.apk
sample.apk နာမည်နဲ့ sdcard ထဲမှာ backup လုပ်ပေးမှာပါ
system app သွင်းချင်ရင်
မိမိသွင်းချင်တဲ့ apk ကို system/app folder အောက်ကိုထည့်ပေးရမှာပါ
su
mount -o remount,rw /system
dd if=/sdcard/sample.apk of=/system/app/sample.apk
chmod 777 /system/app/sample.apk
reboot
ဖုန်းပြန်တတ်လာရင် system app အဖြစ်သွင်းပြီးသွားပါလိမ့်မယ်
7
မလိုအပ်တဲ့ system app တွေကိုဖြတ်ချင်ရင်
အရင်ဆုံး  ls command အသုံးပြုပြီးကြည့်လိုက်ပါ
ls /system/app
ဥပမာ -ဖြတ်ချင်တဲ့ apk က Email.apk ပေါ့
su
mount -o remount,rw /system
rm /system/app/Email.apk
reboot
မှတ်ချက်-app နာမည် အကြီးအသေး မှားလို့မရပါ
mm font သွင်းချင်ရင်တော့
For 2.3xx
DroidSansFallback.tff ဖိုင်ကို sdcard ထဲထည့်ပြီးအောက်က command တွေကို run လိုက်ပါ
su
mount -o remount,rw /system
dd if=/sdcard/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf
chmod 777 /system/fonts/DroidSansFallback.ttf
reboot
For 4.0 xx
Zawgyi.ttf နဲ့ fallback_fonts.xml ကို sdcard ထဲထည့်ထားလိုက်ပါ
su
mount -o remount,rw /system
dd if=/sdcard/Zawgyi.ttf of=/system/fonts/Zawgyi.ttf
dd if=/sdcard/့ fallback_fonts.xml of=/system/etc/fallback_fonts.xml
chmod 777 /system/fontsZawgyi.ttf
chmod 777 /system/etc/fallback_fonts.xml
reboot
မှတ်ချက်-fallback_fonts.xml ဟာ Zawgyi.ttf ကို assign လုပ်ထားပြီးဖြစ်ရပါမယ်
comming soon how to create one click bat :D
credit  သန်းတိုးအောင် 
ref:pinlonthar.com

No comments:

Post a Comment

Followers