ကွန်ပျူတာပေါ်ကနေ eclipse ကိုအသုံးပြုပြီး hello world apk တစ်ခုလုပ်ပြသွားမှာပါ


အရင်ဆုံး လိုအပ်တဲ့ IDE ရယ် SKD တွေရယ်ကို Download ဆွဲပါမယ်..
http://developer.android.com/sdk/index.html
ပေါ်က link ကိုဖွင့်လိုက်ပါ
ကျွန်တော်က Window 32-bit ကိုအသုံးကိုပြုသွားမှာဖြစ်တဲ့အတွက်
adt-bundle-windows-x86-20130917.zip Download လုပ်လိုက်ပါပြီ
မိမိတို့အသုံးပြုတဲ့ Os အလိုက် ADT Bundle ကိုဆွဲလိုက်ပါ

Downlad လုပ်ထားတဲ့ adt-bundle-windows-x86-20130917.zip ကို D: or E: ပေါ်မှာ ဖြည်ချထားလိုက်ပါ
ပြီးရင် eclipse folder ထဲက eclipse ကို ဖွင့်လိုက်ပါ
Project file တွေကို သိမ်းထားဖို့ location တောင်းလိုက်ပါမယ်
ကျွန်တော်ကတော့
C:\Users\developer\workspace လို့ပဲထားလိုက်ပါတယ်
မိမိတို့စိတ်တိုင်းကျ ထားနိုင်ပါတယ်

အပေါ် Tab bar ပေါ်က
File>New>Android Application Project ကိုနှိပ်လိုက်ပါ

New Android Application ဆိုပြီးကျလာပါလိမ့်မယ်
Application Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
MinimumREquired SDK : API9:Android 2.3 (Gingerbread)
Targer SDK:API 18:Android 4.3 (Jelly Bean)
Cpmpile With:API 18:Android 4.3 (Jelly Bean)
Theme:Holo Light with Dark Action Bar
ပြီးရင် Next ကိုနှိပ်လိုက်ပါ

ကျွန်တော်တို့ Apk အတွက် ပုံတစ်ခုခုကိုရွေးလိုက်ပါ
Next ကိုနှိပ်ပါ

Blank Activity ကိုရွေးလိုက်ပါ
Next ကိုနှိပ်လိုက်ပါ

Finish ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ pinlonthar နာမည်နဲ့ hello world apk တစ်ခုကိုအောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
မိမိတို့ပြုလုပ်ထားတဲ့ apk ကို ကွန်ပျူတာပေါ်ကနေ
AVD (Android Virtual Device ) အသုံးပြုပြီး run ကြည့်ရအောင်

Window>Android Virtual Device Manager ကိုနှိပ်လိုက်ပါ
Android Virtual Device Manager ဆိုတဲ့ window တစ်ခုကျလာပါလိမ့်မယ်

New ကိုနှိပ်လိုက်ပါ
AVD Name : pinlonthar (မိမိစိတ်ကြိုက်တစ်ခုခုထည့်လိုက်ပါ)
Device: မိမိစိတ်ကြိုက်တစ်ခုခုရွေးလိုက်ပါ
Targetး တစ်ခုခုရွေးလိုက်ပါ
RAM: 512
Ok ကိုနှိပ်လိုက်ပါ
ကျွန်တော်တို့ AVD တစ်ခုကို အောင်မြင်စွာတည်ဆောက်ပြီးသွားပါပြီ
့hello world apk ကို AVD ပေါ်ကနေက run ကြည့်မယ်..

Run ကိုနှိပ်လိုက်ပါ
Run As ဆိုတဲ့ window တစ်ခုကျလာပါမယ်
Android Application ကိုရွေးပြီး ok ကိုနှိပ်လိုက်ပါ..

Launch a new Android Virtual Device ကိုရွေးလိုက်ပါ
ကျွန်တော်တို့ခဏက တည်ဆောက်ထားတဲ့ pinlonthar AVD ကိုရွေးပြီး Start လုပ်လိုက်ပါ
ပြီးရင် Launch လုပ်လိုက်ပါ

Ok ကျွန်တော်တို့ ANDROID ဆိုတဲ့ Logo နဲ့ AVD တစ်ခုတတ်လာပါလိမ့်မယ်
ခဏစောင့်လိုက်ပါ

ကျွန်တော်တို့ pinlonthar.apk ကို Virtual Device ပေါ်မှာ အောင်မြင်စာ run နေပါပြီ

ဖုန်းထဲထည့်ချင်တယ်ဆိုရင်
အပေါ်မှာတည်ဆောက်ထားတဲ့ workspace>pinlonthar>bin
အောက်က pinlonthar.apk ကို install လုပ်လိုက်ပါ..
အပေါ်ကနည်းတွေကတော့ ကျွန်တော်တို့ android application စတင်လေ့လာမဲ့တဲ့လူငယ်တွေအတွက်ပဲဖြစ်ပါတယ်
ကျွန်တော်လည်းလေ့လာနေဆဲလူငယ်တစ်ယောက်ဖြစ်ပါတယ်..
ကျွန်တော်တို့ Online ပေါ်မှာ ဆက်လက်လေ့လာနိုင်ဖို့အတွက် website တွေ Group တွေအများကြီးရှိပါတယ်
ကျွန်တော်လေ့လာနေတဲ့ Group တွေကိုလမ်းညွှန်ပေးပါမယ်
http://htarhtarlwin.blogspot.com/2013/06/android-programming-i.html
https://www.facebook.com/groups/apkdeveloper/
ဒါကတော့ ဆရာမဒေါ်ထားထားလွင် ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog နဲ့ group ဖြစ်ပါတယ်
http://myandroidian.blogspot.com/
ဒါကတော့ ဆရာမ Star Tek ရဲ့ android developing ကို Online ပေါ်ကနေ သင်ပေးနေတဲ့ blog ပါ
http://waiferkolar.com/#
ဒါကတော့ ဆရာ waiferkolar ရဲ့ video lesson တွေပါ java video lessons တွေ download ဆွဲပြီးလေ့လာနိုင်ပါတယ်
http://www.vogella.com/articles/Android/article.html
အဲမှာလဲ Eng tutorials တွေအများကြီးတင်ပေးထားပါတယ်..
Credit To : http://www.pinlonthar.com
စိုင်းခိုင်တင့် (MMDT)
mrprincez.mmcyber@gmail.com
No comments:
Post a Comment