
တရုပ်နိုင်ငံကထုတ်လုပ်တဲ့ ဖုန်းတွေကို (iPhone ပုံစံအပါအဝင်) ကိုင်ဖူးကြသူတွေတိုင်း SIM card
နှစ်ခုတစ်ပြိုင်ထဲထည့်သုံးဖူးတဲ့ အတွေ့  အကြုံရှိဘူးကြမှာပါ။
အခုအချိန်မှာတော့ Apple ရဲ့  iPhone4 စစ်စစ်မှာ Dual SIM card ထည့်ပြီး
တစ်ကယ်သုံးနိုင်ပါပြီ... iPhone4 အတွက် Dual SIM card ထည့်နိုင်သော
ဖုန်းအိပ်ခွံ(Case adapter) တစ်မျိုး Online ဈေးကွက်ထဲရောက်ရှိနေပါတယ်...
ဖုန်းအိပ်ခွံ(Case adapter) ဟာသိပ်ပြီး သားသားနားနား မရှိလှပေမယ့် တစ်ကယ်အသုံးပြုနိုင်ပါတယ်။
သတင်းကောင်းလေးတစ်ခုက ဒီ adapter လေးကို အသုံးပြုဖို့  Jailbreak လုပ်ဖို
့မလိုသလို adapter အလုပ်လုပ်ဖို့  အခြား software လဲမလိုအပ်ပဲ မည်သည့် iOS
မှာမဆို အလုပ်လုပ်ပါတယ်လို့  ဖော်ပြထားပါတယ်။


Dual SIM card အသုံးပြုပုံကတော့ ဖုန်းမှာ SIM card ၂ခုထည့် adapter တပ်ဆင်ပြီးပြီဆိုရင် power ပြန် On ပြီး..
Phone setting --> Phone --> SIM Applications ထဲကိုဝင်လိုက်ပြီး Switch
Number ကိုရွေးပေးလိုက်ရင် SIM1,SIM2 အနေနဲ့ ပြနေပါတယ် လက်ရှိ active
ဖြစ်နေသော SIM မှာကြယ်ပုံဏ္ဍန် အမှတ်သားလေးရှိနေပါတယ် မိမိအသုံးပြုချင်သော
SIM ကိုရွေးချယ် ပေးလိုက်ရုံပါပဲ အားနည်းချက်အနေနဲ့  ကတော့ SIM
တစ်ခုမှတစ်ခုသို့  switch လုပ်ရာမှာ အချိန် ၂မိနစ်ခန့် ကြာမြင့်တတ်ပါတယ်။
ဝယ်ယူအသုံးပြုချင်ကြတယ်ဆိုရင်တော့ $28.99 ကျသင့်မှာဖြစ်ပြီး ဒီနေရာလေးမှာ မှာယူနိုင်ကြပါတယ်။ Adapter ရဲ့ အလုပ်လုပ်ပုံကိုလဲ video tutorial အနေနဲ့ မြင်တွေ့ ကြရပါလိမ့်မယ်...
credit by မိုးသိကြား
No comments:
Post a Comment