Nov 12, 2013

Windows 8/8.1 မှာ .NET Framework 3.5 ကို Enable ပြုလုပ်ခြင်း


Windows 8/8.1 မှာ .NET Framework 4.5 အင်စတောလုပ်ပြီးသား ပါရှိလာမှာဖြစ်ပါတယ်။တစ်ချို့  Application တွေကို အင်စတောလုပ်ဖို့ အတွက် .NET Framework 3.5 လို Version အနိမ့်တွေ အင်စတောလုပ်ထားဖို့ လို ပါတယ်။Windows 8 မှာ .NET Framework 3.5 နဲ့  သူ့ အနိမ့် Version တွေကို Enable လုပ်ပြီးသုံးနိုင်ပါတယ်။ထပ်ပြီးအင်စတောလုပ်လို့ မရပါဘူး။ဒီိဆောင်းပါးမှာ Enable လုပ်နိုင်မယ့် နည်းနှစ်နည်းကိုရေးပါမယ်။

When You Are Online
 
ကွန်နက်ရှင်ရှိနေရင်တော့ ဒီနည်းကိုသုံးနိုင်ပါတယ်။ Windows 8 Search Box ကနေ Uninstall a program ကိုရှာပြီး ဖွင့်ပါ။



ပြီးရင်  ညာဘက်က Turn Windows features on or off ကိုနှိပ်ပါ။

ဝင်းဒိုး တစ်ခုပေါ်လာရင် ".NET Framework 3.5 (includes .NET 2.0 and 3.0) " ဆိုတဲ့ Check Box တွေ မှာ အမှန်ခြစ်ပေးပါ။



OK နှိပ်ရင် လိုအပ်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။ ဒေါင်းလုပ်လုပ်ပြီးရင်တော့ Restart ချရင် .NET Framework 3.5,  3.0  ,2.0  အားလုံးကို Enable လုပ်ပြီးပြီဖြစ်လို့  အင်စတောလုပ်မရတဲ့ Application တွေကို အင်စတောလုပ်နိုင်ပါပြီ။



ကျွန်တော်ကတော့ ဒီနည်းသုံးကြည့်တာ ဒေါင်းနေတဲ့ အချိန်ကြာတဲ့အတွက် Cancel
လုပ်ပြီးအောက်ကနည်းကိုသုံးပါတယ်။

When You Are Offline

C:  အောက်မှာ NET35 ဆိုတဲ့ဖိုဒါတစ်ခုပြုလုပ်ပါ။

Windows 8 CD/DVD ခွေထဲက sources\sxs ဖိုဒါကို ကော်ပီကူးပါ။ ISO Image ဖိုင်ရှိရင် ISO ဖိုင်ပေါ် Right Click နှိပ်ပြီး Mount လုပ်ပါ။ sources\sxs ဖိုဒါကိုကော်ပီကူးပါ။ ကူးထားတဲ့ဖိုဒါကို NET35 ဖိုဒါထဲထည့်ပါ။


Cmd ကို Admin အနေနဲ့ ဖွင့်ပြီး အောက်က Command ရိုက်ပေးပြီး Enter ခေါက်ပါ။

DISM.exe /online /enable-feature /featurename:NetFX3 /All /Source:c:\net35 /LimitAccess



Successful Message ကျလာရင် အဆင်ပြေပါပြီ။
 

Nov 8, 2013

Android Version 4.3 သမားများ မြန်မာစာ မမှန်ခြင်းကို ဖြေရှင်းပေးတဲ့ ZawgyiGhost.ttf


ဇော်ဂျီသရဲဖောင့်လေးပါ ပန့်ပန့်အော်တာမှကြိုက်တဲ့ ကိုကိုမမများအတွက် Zawgyi Ghost . ttf ဖိုင်လေး လက်ကမြင်းလိုက်တာပါ ။ လိုချင်သူများ အောက်မှာဒေါင်းယူပါ ။

Android V4.3 တွေရဲ့ ဖုန်းမှာပါဝင်လာတဲ့ Browser နှစ်ခုမှာ ( -ျ ) ( -ု ) ( -ူ ) တွေ အထဲကိုဝင်နေတဲ့ပြသနာကို ဖြေရှင်းထားပါတယ် ။ စာကိုတည့်မှန်စွာမြင်ရမှာဖြစ်ပါတယ် ။

ဖောင့်ပြောင်းနည်းကိုတော့ နားလည်ကြမယ်ထင်ပါတယ် ။ မသိသေးတဲ့သူများအတွက်ကတော့ အားတဲ့အခါ ဖောင့်ပြောင်းနည်း ပို့စ်တင်ပေးပါ့မယ် ။

ttf ဖိုင်သည် Root Explorer ဆော့ဝဲကနေ သွင်းရမှာဖြစ်တဲ့အတွက် Root ရှိထားတဲ့ဖုန်းများသာ ထည့်သွင်းနိုင်ပါတယ် ။


Root မလိုပဲ Display >> Font style ထဲကနေပြောင်းနိုင်တဲ့ Apk ကိုလုပ်ပေးတဲ့သူရှိတဲ့အခါ ပို့စ်မှာထပ်ဖြည့်ပေးသွားပါမယ် ။

or



အဆင်ပြေပါစေ..
credit by
မောင်ပေါက်< Knowledge Note >
www.maungpauk.org

Credit to : http://freemobilesharing.blogspot.com

Nov 7, 2013

andriod ဖုန်းအတွက် Gtalk voice and video call တဲ့ ဆောဝဲများ စုစည်းပြီး တင်ပေးထားပါတယ်


လူတော်တော်များများသုံးနေတဲ့ gtalk တွေ ဖုန်းမှာ အကောင့် တခုနှင့်မက သုံးချင်တယ် သုံးတဲ့ အကောင့် တိုင်းကလည်း call လို့ရချင်တယ် ဆိုရင် ကျနော် ရှာ တွေ့ ထားသမျှ gtalk call ရတဲ့ ဆောဝဲ များ စုစည်း ပြီး တင်ပေးထားပါတယ်....။video call ရတဲ့ ဆောဝဲ ပါ တင်ပေးထားပါတယ် ...။ဖုန်းတလုံးထဲမှာပဲ အကောင့်များများ သုံးချင်တယ် သုံးတဲ့ အကောင့်တိုင်းကလည်း call ရချင်တယ်ဆိုရင် အောက်က လင့် တွေမှာ စိတ်ကြိုက် ဒေါင်းယူ သုံးစွဲ နိုင်ပါသည်.....။
  1. Nimbuzz Messenger
  2. Vtok - Gtalk Voice and Video Call
  3. Octro Talk
  4. Use Talkatone to make free calls (Gtalk Voice and Phone Free Call)
 ဒီဆောဝဲ တွေ အားလုံး ဟာ Gtalk Call လို့ ရတဲ့ ဆောဝဲတွေပါပဲ ကျနော် ရှာတွေ့ သလောက် တင်ထား ပေးပါတယ် ..။နောင်လည်း ထပ်ရှာတွေ့ရင် ထပ်မံ တင်သွားပေးပါမယ်...။ အားလုံး ပျော်ရွှင်နိုင်ပါစေ.....။

GV Phone - Google Voice & GTalk (For Andriod) Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ ဆော့ဝဲလ်


အခုတင်ပေးလိုက်တာကတော့ Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ Andriod Version 1.0,2.0 အထက်တွေမှာ Gtalk က အကောင့်တခုပဲ သုံးလို့ရပါတယ်။ ပိုသုံးချင်ရင် ဆော့ဝဲလ် ထပ်ရှာရပါတယ်။ ဒါတောင် တချို့မော်ဒယ်နိမ့် ဖုန်းတွေက Gtalk Call လို့ မရ ပါဘူး။ 
GV Phone လေးကတော့ Gtalk Voice Call လည်းရပါတယ်။ Chatting လည်းရတယ်။ ပြီးတော့ Viber လိုပဲ GV Phone ဆော့ဝဲ ထည့်ထားတဲ့ ဖုန်း နံပါတ်အချင်းချင်း Free Call ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းကြည့်တာ အရမ်းကို အဆင်ပြေပါတယ်။ လိုင်းနဲတာတောင် အသံ ကြည်လင်ပြတ်သားမှု ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဆောင်ထားသင်ပါတယ်။
အောက်မှာ Screenshoot တွေနဲ့ ပြထားပေးပါတယ်။ သုံးရတာ ဒီဇိုင်းတမျိုးနဲ့ အရမ်းကိုလန်းပါတယ်။ Gtalk ကို ဖုန်းတလုံးမှာပဲ အများကြီး သုံးချင်ရင်တော့ ဒီလင့်မှာ ၀င်ယူလိုက်ပါ။ အားလုံး Gtalk Call ရတဲ့ ဆော့ဝဲလ် တွေ ပဲ တင်ထားပေးပါတယ်။ အခုတင်ပေးလိုက်တဲ့ GV Phone - Google Voice & GTalk ကိုတော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
App Screenshots











အားလုံးအဆင်ပြေပါစေ.......။                    credit & copyright by

VCD DVD ခွေပျက်များမှ ဒေတာများ ပြန်လည်ယူကြည့် ရအောင်

 
စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့
တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။

 Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်


၁။ ကို run ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့
မျော်လင့်ပါတယ်။
 အောက်မှာဒေါင်းနိုင်ပါပြီး။။။။
>>>>>>Download VCD DVD<<<<<<
အားလုံးအဆင်ပြေကြပါစေ
 credit by ကိုဥာဏ်မွန်
www.nyanmon.com


Nov 5, 2013

မော်ဒယ်နိမ့်သော andriod ဖုန်းအတွက် Gtalk Voice and Video Call

 သူငယ်ချင်းများကိုနည်းတခုပြောပြချင်ပါတယ် အခုကျနော်တို့ ဖုန်းတွင်အများဆုံးသုံးနေကြတဲ့Gtalk ဆိုတာပါပဲ..။မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalkကို ရိုးရိုးချက်တင်လောက်ပဲရကြပါတယ် ။call ချင်ရင်တော့ Vtalk တို့ Nimbuzz တို့ဖုန်းထဲinstallရပါတယ်။Vtalk က Voice and Video call ရပေမဲ့ချက်တင်နဲ့တခါတည်းတွဲသုံးမရတဲ့အတွက် နဲနဲရှုပ်ရပါတယ်..။ဖုန်းကို rest setting လုပ်ရင်လည်းအဲကောင်တွေကပြုတ်ထွက်ပြီးပြန်အင်စစတောရပါတယယ်..။အခုကျနော်ပုံမှာပြတဲ့နည်းက ဘယ်တော့မှမပြောက်ထွက်တော့ဘူး...။sumsang ဖုန်း S2 ၀ယ်ရင် အပြီးပါလာတဲ့ Talk ပုံစံမျိုးပါ..။ကဲကျနော်တို့မော်ဒယ်နိမ့်တဲ့ galaxy W/Y/ACE/ACE Plus အစရှိတဲ့ဖုန်းတွင် လုပ်ကြရအောင်..။စိတ်ဝင်စားရင်အောက်ကပုံစံကိုကြည့်ပြီးလိုက်လုပ်ရအောင်..............။

အရင်ဆုံးမိမိဖုန်းကို root လုပ်ရပါမည်...။root နည်းကဖုန်းတလုံးနှင့်တလုံးမတူတဲ့အတွက် တခုချင်းလိုက်ပြီးကျနော်မရှင်းပြတော့ပါဘူး...။မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....။ကျနော်ကတော့ ကျနော်root ဖူးတဲ့ဖုန်းလောက်ဆို ကောင်းကောင်းရှင်းပြနိုင်ပါတယ်....။မိမိဖုန်းမော်ဒယ်နဲ့အွန်လိုင်းမှာရှာရင်လည်းအများ
ကြီးပါ..။ကဲပြောနေတာနဲ့စာများသွားပြီ...။root ပြီးရင်ကျနော်တို့စလုပ်ကြရအောင်....။အရင်ဆုံးအောက်
ကဆောဝဲ ၃ ခုကိုဒေါင်းရအောင်.....။
Root Explorer.apk
Talk 2.apk
libtalk _ini.so

ဒေါင်းပြီးရင်အရင်ဆုံးRootExplorerကိုinstallပါ...။ပြီးရင်ဆောဝဲကိုလန်းပြီးအာက်ကပုံကိုကြည့်ပြီးဆက်သွား
ရအောင်....။

အရင်ဆုံးမျှားပြထားတဲ့အတိုင်း system ကိုသွား...။မ၀င်ခင်အပေါ်က Mount R/W ကို နှိပ်လိုက်ပါ R/O ဖြစ်သွားပါမယ်...။
ကျနော်အတိုခေါက်ပဲရှင်းတော့မယ်နော်ရေးရတာစာများလို့...
system/app/ကိုဝင်ပြီးမျှားပြထားတဲ့ Talk.apk/Talk.cdex ကို delete လိုက်ပါ...။
ပြီးရင် ခုနကဒေါင်းထားတဲ့ Talk2.apk ကို system/app/ ထဲဝင်ပြီး paste ချလိုက်ပါ...။အပေါ်ကပုံလိုတွေ့မှာပါ...။
 နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။
နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။ပြီးရင်ဖုန်းကို restart ချလိုက်ပါ....။ကဲ...မျိုးကြီးသီချင်းလေးအော်ဆိုပေတော့.....။ဖုန်းပြန်ပွင့်လာရင် မိမိGtalkဟာ အပေါ်ဆုံးမှာပြထားတဲ့ပုံလို ဖြစ်သွားပါပြီ...။နီးစပ်ရာသို့အကောင့်ကိုခေါ်စမ်းကြည့်ပါ..Voice ရော Video call ပါရပြီ။....စာရေးရတာလည်းလက်ညောင်းပြီ......ေိေိ....:-p
အဆင်မပြေရင်ကျနော့်အားဆက်သွယ်မေးမြန်းနိုင်ပါသည်....။

မှတ်ချက်...။Talk 2.apk ကိုဘာမှမလုပ်ပဲ ဖုန်းတွင် ဒီအတိုင်းinstall မလုပ်ပါနှင့်..။သုံးမရပါ...။

refer link=> http://www.nyanmon.com/2013/11/andriod-gtalk-voice-and-video-call.html

Oct 31, 2013

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း





recoverကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။


၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။






၂။ Instll လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။
၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။
၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။
၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။
၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။
၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။



အားလုံးအဆင်ပြေပါစေ......။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတယ်လီဖုန်းများအတွက်ထပ်တိုး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းတယ်လီဖုန်းများအတွက်ထပ်တိုး
ဝန်ဆောင်မှုများဖွင့်လှစ်မည့်အစီအစဉ်
Ref : 31.10.2013 ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

Oct 30, 2013

မြန်မြန်ဒေါင်းထားလိုက်ကြဗျို့Windows 8.1 Enterprise Final x86/32bit + Activator




Windows 8.1 Enterprise Final x86/32bit – 2.7 GB


အားလုံး မျှော်နေကြတဲ့ windows 8.1(windows blue)  ကို 18 ရက်နေ့က

ထုတ်လိုက်ပါပြီ။ Crack သုံးချင်တဲ့ သူငယ်ချင်းများအတွက်တော့ 25 ရက်နေ့ကထုတ်လိုက်တဲ့

Windows 8.1 Enterprise ကို ကျနော် ပြန်လည်မျှဝေချင်ပါတယ်....

32 bit ကိုပဲ ကျနော် သီးသန့် ပြန်လည်မျှဝေမှာပါ 64 bit ကတော့ နောက် post တခု့ပေါ့နော်


32 bit အတွက် မိမိစက်မှာဘာတွေရှိရမလည်း ဆိုတော့

ဖိုင်ဆိုဒ်များတော့ ခွဲ မတင်နိုင်ဘူးဗျာ မူရင်တင်ထားတာကိုပဲ ဒေါင်းလိုက်ပါ .....

Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 

RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)

Hard disk space: 16 GB (32-bit) or 20 GB (64-bit)

Graphics card: Microsoft DirectX 9 graphics device with WDDM driver


ဒါကတော့ 200 mb ခွဲတင်ထားတာပါ..

PART 1 | PART 2 | PART 3 | PART 4 | PART 5 | PART 6 | PART 7 | PART 8 | PART 9 | PART 10 |

 1 GB ခွဲတင်ထားတာလိုချင်ရင် ဒီမှာဒေါင်းနိုင်ပါတယ် ၃ ပိုင်းရှိပါတယ်


ဖိုင်တွေအားလုံးအလုပ်လုပ်ပါတယ်

ဒေါင်းရမယ့်လင့်မှာ 200 mb ဆိုပီးတော့ ရေးထားတဲ့ ပုံ လေးနှိပ်လိုက်ရင်

ဒေါင်းမယ့်လင့်လည်းတခါတည်းကျလာမယ်။

ကိုလတ်(ကျွဲဆင်း)
refer link http://saithu102.blogspot.com/2013/10/windows-81-enterprise-final-x8632bit.html
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

ကွန်ပျူတာ Desktop Shortcut Icon အားလုံး တူနေခြင်း ပြဿနာ





တချို့
သူငယ်ချင်းတွေ ဒီပြဿနာလေးကို ကြုံဖူးကြမယ်ထင်ပါတယ်... Program (or) Software တစ်ခုခုကို
Right Click > Open With ကို နှိပ်မိလို့ဖြစ်စေ Virus ကြောင့်ဖြစ်စေ
Desktop ပေါ်က Icon တွေ အားလုံး  Internet  Explorer (IE), Window Media
Player,   Adobe Reader ,iTunes ,PD F ,  Excel. lnk,Word    စ,တဲ့ Icon တွေချည်း
ဖြစ်သွားတတ်တာပါ... ဥပမာ IE Icon တွေချည်းဖြစ်သွားတဲ့အခါ ဘယ်   Program ကို
ဖွင့်ဖွင့် IE ပဲ ပွင့်နေပြီး   ကိုဖွင့်ချင်တဲ့ Program ကို
ဖွင့်မရတော့ပါဘူး....   အဲ့ဒီလို ဖြစ်လာရင် တချို့က Window
ပြန်တင်တတ်ကြတာများပါတယ် ...   အမှန်က Window ပြန်တင်စရာ   မလိုပါဘူး... အောက်
နည်းလမ်း နှစ်မျိုးနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...

နည်းလမ်း (၁)

  1. Run ကို ခေါ်ပါ... (Win Key + R)....
  2. Run Box မှာ  regedit ရေးထည့်ပြီး Enter ခေါက်ပါ....
  3. Registry Editor တတ်လာရင် အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ခြင်းသွားပါ....
  4. HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Explorer > FileExts > .lnk
  5. lnk Floder ကိုဖွင့်ပါ ..  Subfolders ထဲက ဖိုင်လ်တွေကို Delete လုပ်ပေးလိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ....။ 

အဆင်မပြေရင် မူရင်းကိုကြည့်ပါ...။


Steps to recover back all original icons:




  • Open run command by pressing windows key (windows logo) and R together.


  • Type “regedit” and press enter.


  • Browse the computer system registry into



  • “HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk”
    (It may take time to reach there, so be patient)


  • Delete all subfolders under “.lnk” directory  but please never ever  delete the “.lnk” folder.


  • Close registry editor (regedit).


  • The shortcuts on your desktop will still not work now although clicking on it will work fine. So better reboor your system.

နည်းလမ်း (၂)





ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ် အောက်မှာတင်ပေးထားပေးတဲ့ Windows 7 shortcut Fixer ဆိုတဲ့ RAR ဖိုင်လ်လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ... exe.reg လေးကို Double Click နဲ့ Install ပေးရုံပါပဲ...ပြီးရင် ကွန်ပျူတာကို Restart ချပေးပါ...။
Window ပြန်တတ်လာရင် မိမိတို့မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပြီး တွေ့တဲ့ Virus တွေကို Delete လုပ်ပေးပါ...။






Click Here to Download


(or)


Click Here to Download

 ခင်မင်လျှက်

ဝင်းကမ္ဘာကျော် www.winkabarkyaw.net
refer link saithu

Followers