Jan 28, 2014

Galaxy Ace Duos S6802 Android 2.3.6 Official Firmware ကို Root လုပ်နည်း....


ကျွန်တော့်ဆီကို မိတ်ဆွေတစ်ယောက်ရောက်လာရင်း သူ့ဖုန်းကို Root လိုက်တာ အဆင်ပြေသွားလို့ဒီနည်းကို တင်ပေးလိုက်ပါတယ်..
1. ပထမ အောက်ကလင့်မှာ update.zip ကိုဒေါင်းလိုက်ပါ..


2. ရလာတဲ့ Update.zip ကို မဖြည်ဘဲ ဖုန်းထဲထည့်တဲ့ SD card ထဲကို ထည့်လိုက်ပါ..
3. ဖုန်းကို Power ပိတ်ပါ.. ပြီးရင် Volume Up + Home + Power ခလုတ်သုံးခုစလုံးကို တွဲပြီးဖိထားလိုက်ပါ..
4. ဒါဆိုရင် Recovery Mode ကို တွေ့ရမှာဖြစ်ပါတယ်.. Volume Up/Down ခလုတ်တွေကိုသုံးပြိး apply update from sd-card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ပြီဆိုရင် Home Key ကို တစ်ချက်နှိပ်လိုက်ပါ.. Root နေတာကို မြင်ရပါတယ်.. ခဏနေရင်တော့ Reboot your Phone ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.. Reboot your phone  ကိုရွှေ့ပြီး Home ခေါက်လိုက်ရင် ဖုန်းက ပါဝါပိတ်သွားပြီး ပြန်တက်လာပါလိမ့်မယ်.. ဒါဆိုရင်တော့ App Drawer ထဲမှာ SuperSu ကို မြင်တွေ့ရပြီး Root ပြီးသွားပါပြီ..

CWM သွင်းနည်း
*****
လိုအပ်လို့ CWM သွင်းချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ CWM .zip ကို ဒေါင်းလိုက်ပါ..
ပြီးရင် SD card ထဲထည့်ပြီး အပေါ်မှာ Root လုပ်သလိုမျိုးလုပ်လိုက်ပါ.. CWM ထည့်မယ်ဆိုရင် Root လုပ်ပြီးမှာ ထည့်ရမှာဖြစ်ပါတယ်...


refer မောင်ပေါက်

Jan 25, 2014

iOS7 Skin Pack [All Version] 42Mb Desktop ကိုအလှဆင်မယ် !!!

သူငယ်ချင်းတို့ဒါလေးကတော့မိမိကွန်ပြူရဲ့ Skin နဲ့ Themes ကို iOS7 စတိုင်လေးထားတာပါ။သူငယ်ချင်း
တို့ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ။Windows  [X86_X64] – [All Language] – [All Version] ပါပဲ။
မိမိဝင်းဒိုးဆိုင်ရာကိုအင်စတောလုပ်ရုံပါပဲ။ဒေါင်းလော့စ်ဖိုင်ထဲမှာအားလုံးစုစည်းပေးထားပါတယ်။ဖိုင်ဆိုဒ်က
တော့ 42Mb ရှိပါတယ်။

Note : Skin Packs installer have easy and safe install option , Please unistall old or other version of skin packs before install new version. Before install close all runnig program , after finish restart your system.
ကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။

 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

သူငယ်ချင်းတွေလည်းထပ်ပြီး ရှယ် လိုက်ကြပါနော်..

                          ဖုန်းဖြင့်ဒေါင်းချင်သူတွေအတွက် iOS7 Skin Pack QR code




http://adfoc.us/14251336372860 
(or)

http://adfoc.us/14251336380457 
(or)

http://bc.vc/zdkj7L 
(or)

http://adfoc.us/14251336380503 
နည်းပညာမြို့တော်
refer link http://www.pyaephyo.com/2013/12/ios7-skin-pack-all-version-42mb-desktop.html 

website တွင် download ဆွဲလိုသော ipa များအား မိမိ IOS devices မှ တိုက်ရိုက် download and install လုပ်နည်း အဆင့်ဆင့်

ဒီကောင်လေးကတော့ အားလုံးနဲ့ အဆင်ပြေတဲ့နည်းလေးပါခင်ဗျာ…..
ကျွန်တော်တို့ ယခင်က မိမိ လိုချင်သော ဖိုင်ကို ဒေါင်းလုပ်ဆွဲရာတွင် safari မှာ safari download manager ကို သုံးပြီး အလွယ်တကူ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ယခု ios 7 တွင် safari download manager အဆင်မပြေသေးပါ။ ထို့ကြောင့် အလွယ်တကူ download and install လုပ်နိုင်ရန် ဤနည်းကို share လိုက်ပါသည် ခင်ဗျားးးး
လိုအပ်သောဖိုင်များ
1.    maxthon browser ( app store မှ ဒေါင်းလုပ်ပါ။ free ပေးပါတယ်။  သိုမဟုတ့် ဒေါင်းလုပ်
         အခက်အခဲ ရှိပါက  အောက်ကလင့်ကနေ ipa ယူနိုင်ပါတယ်ခင်ဗျား )
2.    crack app and games သွင်းဖို့အတွက်   Appsync 7+ ကို install ထားပါ ။ မရှိသေးရင်
       ( cydia.myrepospace.com/kyawzinthet) မှ install ပါ။
3.   App Center ( မရှိသေးပါက  အောက်ပါလင့်မှ  ipa ဖိုင်ကို install ပါ။)
      For Ipad
      ( Vshare ရှိလဲရပါသည် . vshare ရှိပါက အဆင့် (၈) တွင် vshare ကိုရွေးပေးလိုက်ပါ ။ ဒေါင်းလုပ်
ဖိုင်ကိုမပြပါ…  direct install လုပ်သွားပါသည်၊ တစ်ခါတစ်လေ install မလုပ်ပါ (၂) ခါ(၃) ခါ
ပြန်လုပ်မှ ရပါသည်)  ထို့ကြောင့်  tongbu ကို recommend ပေးပါသည်
ဒီ ၃ ခုရှိတာနဲ့ အဆင်ပြေပါပြီဗျာ… 
အောက်ပါအဆင့်အလိုက် လုပ်သွားပါခင်ဗျား
 ၁။      maxthon browser ကိုဖွင့်ပါ။ မိမိဒေါင်းလိုသော file link အား ဖွင့်ပြီး၊ download နှိပ်ပါ။
 (ပုံတွင်ကြည့်ပါ)     ဥပမာ  ကျွန်တော် mmas က application  ဖိုင်တစ်ဖိုင်၏ download page
 http://www.myanmarmobileapp.com/2013/10/05/ifunface-pro-create-funny-hd-videos-from-photos-fun-face-for-iphone-ipad-and-ipod-21mb/ ) အား အောက်ပါအတိုင်းဖွင့်လိုက်ပါသည်။
၂။    ဒေါင်းလုပ်မလားလို့ မေးရင် download လုပ်ပါ။  (ပုံတွင်ကြည့်ပါ)
၃။   download နှိပ်ပြီးပါက  download  percentage  အား ကြည့်နိုင်ရန် အတွက် maxthon browser ၏ ညာဘက်အောက်ဒေါင့် မျဉ်း ၃ ကြောင်း ပြထားသော နေရာအားနှိပ်ပါ (ပုံတွင်ကြည့်ပါ)
၎။   page တစ်ခုပေါ်လာလိမ့်မည်။ ပေါ်လာသော page မှ  အောက်ကို မြှားစိုက်နေသောပုံအား နှိပ်လိုက်ပါ ။ (ပုံတွင်ကြည့်ပါ)
၅။   ပေါ်လာတော့ page တွင် မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်အား downloading ပြနေလိမ့်မည်။
      ဒီအဆင့်တွင် သတိထားရန် ( ဒေါင်းလုပ်ဆွဲနေပါက maxthon အား ဖွင့်ထားပါ။ home ဖြင့် မထွက်ပါ
      နဲ့။  မိမိ download ဆွဲနေသော ဖိုင်သည် home ဖြင့် ထွက်လိုက်သည်နှင့် pause ဖြစ်သွားလိမ့်မည်)
      (ပုံတွင်ကြည့်ပါ)
၆။   ဒေါင်းလုပ်ပြီးပါက မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်၏ ဘေးတွင် အမှန်ခြစ် ပြနေလိမ့်မည်။
      (ပုံတွင်ကြည့်ပါ)
၇။   မိမိဒေါင်းလုပ်ဆွဲထားသော ဖိုင်သည် အမှန်ခြစ်ပြနေပါက ထိုဖိုင်အား နှိပ်လိုက်ပါ။
      page နောက်တစ်ခုသို့ရောက်သွားပါလိမ့်မည်. ပေါ်လာသော page မှ ညာဘက်အပေါ်ဒေါင့်မှာ ရှိတဲ့
      မြှားအပေါ်ကိုပြနေတာကို နှိပ်ပါ။  (ပုံတွင်ကြည့်ပါ)
၈။  ပေါ်လာသော page မှ  အောက်ပါပုံတွင် မြှားပြထားသော open in ကို နှိပ်ပါ။ (ပုံတွင်ကြည့်ပါ)
၉။     နှိပ်ပြီးပါက tong bu app အား သွားရောက်ဖွင့်နေပြီး အောက်ပါပုံတွင် ပြထားသလို မိမိ ဒေါင်းလုပ်
        လုပ်ထားသော application အား ပုံနှင့်တကွ တွေ့နေလိမ့်မည်။ ဒေါင်းလုပ် လုပ်ထားသော
         application အား  install လုပ်ချင်ပါက  ပုံတွင် မြှားပြထားသော တရုတ်စာအား နှိပ်လိုက်ပါ။
        နှိပ်ပြီးပါက home screen တွင် မိမိ download and install ထားသော app အား ဝမ်းမြောက်
       ဖွယ်ရာ မြင်တွေ့ရပါပြီ။။
       သတိမှတ်ရန်  (  မိမိ  download and install  လုပ်ချင်တော application သည် ios 7 တွင်
                            support လုပ်/ မလုပ် ဦးစွာ စစ်ဆေးသင့်ပါသည် )
မိမိ download လုပ်ပြီး install လုပ်ချင်တော့ app အား IDevices တစ်ခုတည်းမှ အဆင်ပြေစွာ install လုပ်ပြီး ဖြစ်ပါကြောင်း
 Refer Link http://www.myanmarmobileapp.com
Thanks to Kyaw Zin Thet (MMUG)

Jan 24, 2014

IOS Application များကိုအလွယ်ကူဆုံး Crack လုပ်နည်း


iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa) ဖိုင်များကိုအလွယ်ကူဆုံး Crack  လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက် ပြန်လည်
ဖြေပေးလိုက်ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်းရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာအသုံးချဖို့သာရည်ရွယ်ပါတယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲထည့်သွင်းအသုံးပြုလို့ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်းသာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီးအသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။ CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။

ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။

ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။

crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။

ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။
Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
MMAS
refer http://www.thantoeaung.com/2014/01/ios-application-crack.html

Viber 4.2 Download .apk

Viber ကတော့ မိတ်ဆက်စရာမလိုအောင် အားလုံးသိရှိပြီး အသုံးပြုများတဲ့ Apkလေးပါ။
အဲဒီApkလေးကို Google play Store မှာ Update ပေးလာပြီး Version 4.2ကို ရောက်ရှိလာပါပြီ။Playstore အဆင်ပြေသူများကတော့ တိုက်ရိုက် Updateလုပ်နိုင်ပြီးအဆင်မပြေသူများ ကတော့ အောက်မှာဒေါင်းယူနိုင်ပါတယ်။

    Version 4.2 မှာထူးခြားလာတာကတော့မိမိ Block ချင်သော ဖုန်းနံပါတ် Contact ကို Blockလို့ရတဲ့ Block Mode ပါ၀င်လာခြင်းပါ။
    တချိန်တည်းမှာ Photos 10 ပုံကိုလည်း တိုက်ရိုက်ပေးပို့နိုင်ပါတယ်။
    သင့်ရဲ့ Contact List မှ Viber ကိုရွေးချယ်ပြီး တိုက်ရိုက်လည်း ရွေးချယ်ခေါ်ဆိုနိုင်ပါတယ်။
    သင့်ရဲ့ Messages များနှင့် Calls များကို မိမိစိတ်ကြိုက် Ringtones ထား အသုံးပြုနိုင်ပါတယ်။
    Conversations Gallery လို့ခေါ်တဲ့ အရင်တုန်းက မိမိပို့ထားတဲ့ ပုံတွေကို မိမိပို့တဲ့သူ့ရဲ့ နံပါတ်မှာ ပြန်ကြည့်နိုင်ပါတယ်။ ဖျက်ပြီးသားဆိုရင်တော့ ပုံဘဲမြင်ရပြီး Save တော့လုပ်လို့မရပါ။

ကျန်ရှိသော ထူးခြားမူများကတော့ မိမိဘာသာဆက်လက်အသုံးပြုကြည့်ပါခင်ဗျာ.....


<<>>



  refer သန်တိုးအောင်
http://softwarecity-download.blogspot.com/

Jan 23, 2014

Excel 2007, 2010 and Excel Ponit သုံးအုပ်စုစည်းမှု












Excel , Power Point ဆိုတာတွေကတော့ Microsoft Office မှာပါဝင်သော အစိတ်အပိုင်းတွေပါ ။

Excel ကို ရုံးသုံးလုပ်ငန်းတွေမှာ စာရင်းဇယားတွေ ဆွဲဖို့အတွက် အသုံးပြုကြပါတယ် ။

Power Point ကို တော့ Presentation တွေဖန်တီးဖို့ အသုံးပြုကြပါတယ် ။

ကွန်ပျူတာ သုံးစွဲသူတော်တော်များများ အတွက် လိုအပ်မယ်လို့ ထင်ပါတယ် ။

စိတ်ဝင်းစားရင်တော့ ဒေါင်းပါခင်ဗျား ။

ကျွန်တော်တင်ထားတာတော့မဟုတ်ဘူးဗျ ။ ကျွန်တော်ဒေါင်းထားတဲ့ လင့်ကိုပဲပေးလိုက်တာနော့် ။
refer http://htarwaiethar.blogspot.com/2013/02/excel-2007-2010-and-excel-ponit_9806.html
 

Download  

Huawei Y320C X1 မတက်တာ(73 ကတ်)မလိုပဲဖြေရှင်းလို့ရပါပြီး


 


Huawei Y320C လိုင်းမတက်တဲ့ပြသာနာ
ကိုအခုတလောတော်တော်ဖြေ
ရှင်းပေးနေရတာနဲ့
နည်းလမ်းလေးတွေ့
လို့ပြန်လည်ဝေမျှပေးလိုက်ပါတယ်
    အရင်ကတော့ 73 Sim ကတ်နဲ့လုပ်ပါတယ် အခုကတော့ပိုပြီးတော့
လွယ်ကူရိုးရှင်းသွားပါတယ်....












အရင်ဆုံး..31(mec Card)ထည့်ပြီး 911 ကိုဖုန်းခေါ်လိုက်ပါ ပြီးရင် Home ခလုတ်ကိုနိမ့်ပါ (ဖုန်းမချနဲ့နော်)

အဲမှာမှ Setting ကနေ More ဆိုတာကိုနိမ်ပါ  Mobile Network  ကိုထပ်ဝင်ပါ ပြီးရင် CDMA Network Selection 

ကိုသွားပြီးတော့ empty filter network list  နိမ့်ပေးလိုက်ရုံပါပဲ  Warning ဆိုတဲ့စာတန်းလေးထွက်လာရင်ခနစောင့်

လိုက်ပါ ပျောက်သွားရင်တော့ရပါပြီး..... မရသေးရင်နောက်တစ်ခေါက်ထပ်လုပ်ပေးပါ စမ်းပြီးသာပါ အဆင်ပြေလို့

မျှဝေလိုက်တာပါ ..ကျေးဇူးတင်ပါတယ်    .....ဆိုင်သူအားလုံးကိုလဲ Credit ပေးပါတယ်...

Jan 22, 2014

iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..?


iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သုံးကြရသလဲ ဆိုတာကိုတော့ သေသေချာချာ မသိသူတွေ အများကြီး ရှိကောင်း ရှိနေကြဦးမှာပါ။

ဒါကြောင့် ယခု "iFile ဆိုတာ ဘာလဲ...?" ဆိုတဲ့ ဆောင်းပါးလေးနဲ့  မသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်...

Apple ရဲ့  Mac computer ကို သုံးဖူးသူတွေ အနေနဲ့ တော့ "Finder" ဆိုတာကို ရင်းနှီးကြပြီးသားဖြစ်ပါလိမ့်မယ် (Windows မှာဆိုရင်တော့ "Explorer" ပဲပေါ့)။ "Finder" ကို ရင်းနှီးပြီးသား ဖြစ်မယ်ဆိုရင်တော့ "iFile" ဆိုတာ မစိမ်းတော့ပါဘူး။
"iFile" ဆိုတာဟာ iOS အတွက် "Finder" လိုပဲ မရှိမဖြစ်အရေးပါတဲ့ App တစ်ခုပါ။ ဒါပေမယ့် Jailbreak လုပ်ထားတဲ့ iDevice များမှာသာ "iFile" App ကို သွင်းယူနိုင်ခွင့်ရှိပါတယ်။

"iFile" ရဲ့  လုပ်ဆောင်ချက်တွေကတော့ အများကြီးပါ အဓိကအချက်ကို ခြုံငုံပြောရမည်ဆိုပါက မိမိ iDevice တွင်းရှိ System files များအပါအဝင် အခြား file များကိုပါ "manage" လုပ်နိုင်ပါတယ်။ "manage" လုပ်နိုင်ပြီ ဆိုထဲက File တွေကို မိမိစိတ်ကြိုက် Rename, Edit, Copy, Paste, Creat... အစသည်ဖြင့်တို့  လုပ်ဆောင်နိုင်ပါတယ်။

ဒီအပြင် ".deb" file များကိုလည်း "iFile" မှ နေ၍ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ ဆိုကြပါဆို့  "tweaks" တွေကို ".deb" file အနေနဲ့  website တစ်ခုကနေ download ချဖို့ ကြိုးစားတဲ့အခါ မိမိမှာ "iFile" Install မလုပ်ထားဖူးဆိုရင် "Safari" က error message သာ ပေါ်လာမှာဖြစ်ပါတယ်။
"iFile" ရှိနေပါက အောက်ပါပုံအတိုင်း ပေါ်လာပြီး အဆင်ပြေပြေ download လုပ်နိုင်၊ Install လုပ်နိုင်မှာဖြစ်ပါတယ်။



နောက်ထပ်အရေးပါ သိသာတဲ့ အချက်ကတော့ File တွေကို WiFi, Bluetooth တွေအသုံးပြုပြီး "Transfer" လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ "iFile" က သင့်ကို WiFi server တစ်ခုအဖြစ် ထောင်ခွင့်ပေးပြီး အဲဒီ WiFi မှာ အတူတစ်ကွ အသုံးပြုနေကြသူ အချင်ချင်း မည်သည့် web browser ကိုမဆို အသုံးပြု၍ ချိပ်ဆက်နိုင်ပါတယ်။ Bluetooth အနေနဲ့ ကတော့ "iFile" သွင်းထားတဲ့ iPhone နှစ်လုံးအချင်းချင်း ပေးပို့ နိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့  Jailbreak လုပ်ထားကြတဲ့ မိတ်ဆွေများ အားလုံး အတွက် "iFile" ဆိုတာကို မရှိမနေ သွင်းထားဖို့  လိုအပ်ကြောင်း တိုက်တွန်းအပ်ပါတယ်...

iFile ၏ လုပ်ဆောင်ချက်များ ဗွီဒီယို



iFile ရယူနိုင်ရန်အတွက် "Cydia" မှ တိုက်ရိုက် source သွင်းယူ၍၎င်း၊ ".deb" file ကိုရယူ၍ ဤနည်းဖြင့် တစ်ဆင့် သွင်းယူ၍သော်၎င်း ရယူနိုင်ပါသည်။

Cydia တွင် Source အဖြစ် "http://sinfuliphonerepo.com" ကိုသွင်းယူပြီးနောက် "iFile Cracked" ကို ရှာ၍ Install လုပ်ပါ။

>> Download iFile 1.9.1-1.deb



Credit to : iDB


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

 Credit မိုးသိကြား

ImTOO DVD Ripper Ultimate (အတွဲလိုက်ဖြစ်နေသော Video ဖိုင်များ တစ်ပုဒ်ချင်း လုပ်မယ်)

DVD ခွေတွေမှာအတွဲလိုက်ဖြစ်နေသော video ဖိုင်များကို ImTOO DVD Ripper Ultimate အသုံးပြုခြင်းဖြင့် video တစ်ဖိုင်ချင်း ရအောင်ဆောင်ရွက်နိုင်ပါတယ်
Screen Shot:




Download
PASSWORD- technohub
 

IOS တွင် လွယ်ကူစွာ Frimware ပြန်တင်နည်း.....(ကွန်ပျူတာမလို.)


ကျွန်တော် ဒီနေ.တင်ပြချင်တာလေကတော. IOS User တွေလက်၇ှိဖြစ်ပေါ်နေကြတဲ့အခက်အခဲးတစ်ခုကိုလွယ်ကူစွာဖြေရှင်းနည်းလေးပါ။မိမိတို.သွင်းလိုက်သော Cydia App တွေကြောင်. Facebook app တွင် သုံးနေရင်ပြန်ထွက်သွားခြင်း...Safari ဝင်လို.မရခြင်း စသည်.အခက်အခဲးကို...ဖြေရှင်းသောနည်းလမ်တွေ၇ှိသော်၊ ထိုနည်းလမ်းတွေဖြင်.မရပါကနောက်ဆုံးတွင် Restore လုပ်မှအဆင်ပြေကြပါတယ်....Restore ပြန်လုပ်ရာတွင် Computer,IPSW,Itunes,USB ကြိုးလိုအပ်လာပါပြီ။တစ်ခုအဆင်မပြေပါက....Restore လုပ်လို.အဆင်မပြေကြပါ။ Computer မရှိသူတွေကတော.  ဆိုင်ပြေးကြရပါတယ်.....ထိုအခက်အခဲးတွေကိုဖြေရှင်းရန်....ကွန်ပျူတာမလိုပဲ Frimware ပြန်တင်နည်းကို ပုံးလေးတွေဖြင်.ရှင်းပြပေးပါမယ်......

(၁) Cydia တွင် http://cydia.myrepospace.com/komin27/ ကို Add လုပ်ပြီးမိမိ တို. ဖုန်းတွင်..... ilex R.A.T ကို install လုပ်ပေးပါ။" IOS User တိုင် ilex R.A.T ကို install လုပ်ထားစေချင်ပါတယ်...အခက်ခဲဖြစ်ပါက အလွယ်တကူ Restore ပြန်လုပ်နိုင်ပါသည်။."



install လုပ်ပြီးပါက ထို App ထည်းဝင်လိုက်ပါ။


 iLEX R.A.T. (သို.) iLEX RESTORE ကိုဝင်ပြီး ok ပေးလိုက်ပါ။ ခဏစောင်.နေပေးပါခင်ဗျ....၁၀ မီးနစ်လောက်စောင်.လိုက်၇င် Restore ပြုလုပ်ခြင်းအောင်မြင်ပါပြီ ခင်ဗျ။


 iLEX R.A.T.



iLEX RESTORE

အဆင်ပြေပါစေ။ 
credit  KOMIN

Followers