Oct 9, 2013

Y511 မြန်မာစာအဆင်ပြေတဲ့ MMSD Smart Zawgyi v1.3 လာပါပြီ။

အရင် version v1.2 မှာမရတဲ့ ဖုန်းတွေကိုထက်ဖြည့်ပေးထားပါတယ်
Android version 1.6 ကနေ 4.2.2 အထိအသုံးပြုနိုင်ပါတယ်။
Sony တွေမှာလဲအသုံးပြုနိုင်ပါတယ်။
လက်တလောရေပန်းစားနေတဲ့ Y511 တွေလဲအဆင်ပြေပါပြီ။
Y320, G610 ကဲ့သို့သောဖုန်းတွေ ၀လုံးတွေမတက်ပဲအဆင်ပြေပြေရေးနိုင်ဖတ်နိုင်ပါတယ်။
iMobile istyle များနှင့် တရုတ်ဖုန်းများအားလုံးအဆင်ပြေပါတယ်။
ဝလုံးတက်တဲ့ဖုန်းတိုင်းအဆင်ပြေပြေအသုံးပြုနိုင်ပါတယ်။
Root Access ရှိဖို့တော့လိုအပ်ပါလိမ့်မယ်။
Font Changer ပြီးသွားတဲ့အခါမှာ Restart ချပေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုတော့ Restart ကျသွားအောင်လုပ်ပေးထားပါတယ်. . .
တစ်ချို့ဖုန်းတွေမှာ Font Change ပြီးပြီးခြင်း တရုတ်စာတွေတက်လာပေမဲ့
Restart ချပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်. . .
မည့်သည့် Font မှမပျက်ပါဘူး
Frozenkeyboard v1.1.3 တစ်ခါထဲထည့်ပေးထားပါတယ်။
အဆင်ပြေပါစေ
ဒီမှာဒေါင်းပါ။
Download Here (Mediafire)
Download Here (Dev host)
Screenshot_2013-06-18-11-56-021098074_586902108019682_1617524580_n
Screenshot_1980-01-06-08-22-39Screenshot_1980-01-06-08-21-41 Screenshot_1980-01-06-08-21-47 Screenshot_1980-01-06-08-22-56
 credit by MMSD

mHotspot Wifi Router Software Win 7and 8


Virtual Router လိုပဲ Wifi Hotspot လွှင့်တဲ့ Software ပါ windows 7 နှင့် 8 မှာ အသုံးပြုလို့ရပါတယ်
မိမိ အင်တာနက်ကို wifi ဖြင့် share ခြင်းဖြစ်ပါတယ် Virtual Router ထက်လုပ်ဆောင်ချက်မြန်ပါတယ်

Jailbreak မလုပ်ထားသည့် iDevice များမှာပါ Paid Application များထည့်သွင်းနိုင်သော iClover 2.0.8.1 (latest version)



                      iDevices တွေဖြစ်တဲ့ iPhone, iPad နဲ့ iPod Touch တွေကို jailbreak လုပ်ထားသည်ဖြစ်စေ၊ လုပ်မထားသည်ဖြစ်စေ full version cracked application များကို ဒေါင်းလုပ်လုပ်ခါ တိုက်ရိုက်ထည့်သွင်းနိုင်တဲ့ iClover ခေါ် Tongbu software ဖြစ်ပါတယ်။ နေ့စဉ် Update လုပ်တဲ့အတွက် နောက်ဆုံးထွက်တဲ့ Application တွေ ဂိမ်းတွေကို ပိုက်ဆံပေးဝယ်တဲ့ သူများနည်းတူ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Cracked app မဟုတ်တဲ့ တရားဝင် legal application ကိုမှလိုချင်တယ်ဆိုရင်လည်း ဒီ iClover ထဲမှာပဲ မိမိ apple ID နဲ့ sign in လုပ်ခါ တိုက်ရိုက် free legal application များကို ကိုယ်ပိုင်အကောင့်ဖြင့် ရယူ download လုပ်နိုင်ပါတယ်။
                          အသုံးပြုလိုသော iPhone, iPad, iPod တို့ကို ကွန်ပျူတာတွင်ဆက်ခါ install ထည့်သွင်းလိုက်သော Application များ ဖွင့်မရဖြစ်ပြီး crash ဖြစ်နေလျှင်လည်း အထက်တွင်ပြထားသော ပုံအတိုင်း fix crash ကိုနှိပ်ခါ ဖြေရှင်းနိုင်ပါတယ်။ App များကို download ပြုလုပ်ရန် internet connection လိုအပ်မည်ဖြစ်ပြီး၊ install ပြုလုပ်ရန်နှင့် Fix crash ပြုလုပ်ရန် internet connection မလိုအပ်ပါ။
iClover home page
iClover 2.0.8.1 ကို တိုက်ရိုက် download ပြုလုပ်ရန်
iClover 2.0.8.1 ကို Mediafire မှ download ပြုလုပ်ရန် 
zippyshare   
credit by http://stamedia.blogspot.com

Oct 8, 2013

Windows Memory Diagnostic tool နှင့် RAM ကောင်းမကောင်းစစ်မယ်


ပထမ Win+R နှိပ်ပီး Run box ထဲမှာ mdsched.exe ကို ရိုက်ပီး Enter နှိပ်ပါ
Restart now and check for problems နှိပ်ပါ
ကွန်ပျူတာ ပိတ်သွားပီး ပြန်ပွင့်လာ ရင် RAM ကိုစစ်နေတဲ့ Screen ကို မြင်ပါ လိမ့် မယ်...
No Problem Found ပြပြီး ပြီးသွင်းရင် RAM ကောင်းတယ်ပေါ့ Problem တွေ့ရင်တော့ RAM မကောင်းဘူးပေါ့
 
credit     ပြည့် ဖြိုး

C8813 ကို (GSM/CDMA) နှစ်မျိုးလုံးသုံးနည်း{MIUI ROM Android 4.1}



1500 တန် CDMA မဲပေါက်တဲ့အခါ Handset ၀ယ်ဖို့စဉ်းစားပါတယ်။
ဟိုမေးဒီစမ်းနဲ့ နောက်ဆုံး Huawei C8813 ၀ယ်ဖြစ်ပါတယ်။
အဖြူရောင်ဆိုတော့ ၁၁၅၀၀၀ိ ပါ။ CDMA Only (single SIM)ပါ။ မှန်အကျယ် ၄.၅ လက်မ၊
Processor 1.2 Dual Core, Internal Memory 1Gb ဆိုတော့
အလယ်အလတ် Spec ပေါ့ဗျာ။ သုံးကြည့်တော့ Touch တော်တော်ကောင်းပါတယ်။
Process Time လည်းနည်းပါတယ်။ ကင်မရာကလည်း 5Mp ဆိုပေမယ့် ညဖက်တွေရိုက်တဲ့အချိန်မှာ
သာမန်အလင်း(မီးချောင်း)နဲ့တောင် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရိုက်လို့ရပါတယ်။
Sony Xperia S နဲ့ယှဉ်ရိုက်တော့ ထွက်လာတဲ့ပုံချင်း(သာမာန်အားဖြင့်တော့) သိပ်အကွာကြီးမဖြစ်နေပါဘူး။


သူ့ရဲ့ကောင်းတဲ့အချက်တွေပြောပြီးတော့ မကြိုက်တဲ့အချက်တွေပြောပါဦးမယ်။
ကျွန်တော်က MEB Talk သုံးပါတယ်။ နိုင်ငံခြားကိုဖုန်းခေါ်ဖို့ပါ။ ဒီ Software က
8813 မှာ ကောင်းကောင်းအလုပ်မလုပ်ပါဘူး။ စကားပြောလို့မရပဲ Register ပြန်ပြန်လုပ်နေပါတယ်။
နောက်တစ်ခုက PES 2012 ဘောလုံးဂိမ်းဆော့လို့မရပါဘူး (8813D လည်းမရပါ)။ ဒီဖုန်းထက် Spec နိမ့်တဲ့ဖုန်းတွေမှာတောင်
ဆော့လို့ရနေရဲ့သားနဲ့ ဒီဖုန်းကျမှမရတာပါ။ နောက်တစ်ခုက Compass အလုပ်မလုပ်ပါ(ဒါကတော့ ROM နှင့်မဆိုင်ပါ)။ ထိုအချက်များကြောင့် ကျွန်တော် 8813 ကိုမကြိုက်တော့ပါဘူး။
ROM Change ရင်ရောအဆင်ပြေမလားတွေးရင်း ROM အမျိုးမျိုးပြောင်းစမ်းပါတယ်။ Bootloader Unlock Code တောင်းရပါတယ်။
ပထမဆုံးတော့ Original ROM ကို Backup ထားရပါတယ်။ SIII ROM ဆိုတာတင်ကြည့်ပါတယ်။ ဘာမှမထူးပါဘူး UI ပြောင်းသွားတာပဲရှိပါတယ်။
4.2.2 ROM တစ်ခုရလို့ ပြောင်းကြည့်တော့ ဖုန်းလိုင်းပျောက်သွားပါတယ်။ (8813 ROM တွေက Radio (baseband)ကိုပါ ပြောင်းပေးပုံရပါတယ်)။
ဒါပေမယ့် 4.2.2 မှာ PES 2012 တင်ပြီးဆော့လို့ရပါတယ်။ လိုက်ရှာရင်းနဲ့ နောက်ဆုံး MIUI ROM ကိုသွားတွေ့ပါတယ်။
Android version က 4.1.1 ပါ။


အားလုံးထက် ပိုကောင်းတဲ့အချက်က CDMA တစ်မျိုးသုံးကို GSM ပါသုံးလို့ရအောင်ပြောင်းပေးပါတယ်။
ပုံမှာတော့ Launcher ပြောင်းထားလို့နှစ်ခုမတူပါ။

SIM Card ပေါက်ကတော့ တစ်ပေါက်ထဲပါ။ ဒါပေမယ့် စက်မပိတ်ခင်မှာ ကိုယ်သုံးချင်တဲ့ SIM အမျိုးအစား(CDMA/GSM)ကို သတ်မှတ်ပေးလိုက်ပါ။ ပြီးတော့ SIM ကိုလဲပြီးသုံးလိုက်ရုံပါပဲ။
(*#*#4636#*#* နဲ့ပြောင်းရတာမဟုတ်ပါဘူး၊ ဖုန်းထဲမှာပါပြီးသားပါ Setting>Additional>Main Network မှာ GSM or CDMA ပြောင်းပြီး Restart ချရုံပါပဲ။



Network Change တာကို SIM ပြောင်းသုံးခါနီးမှလုပ်ရတာပါ၊ နောက်ထပ် ပြန်မပြောင်းသမျှ ဘာမှထပ်လုပ်စရာမလိုပါဘူး Restart, Power Off ဘာလုပ်လုပ် ပြန်မပြောင်းသွားပါဘူး)
နှစ်မျိုးစလုံးမှာ အင်တာနက်သုံးလို့ရပါတယ်။ APN Setting ကိုတော့ သက်ဆိုင်ရာ APN ပြောင်းပေးရပါမယ်။
WCDMA ထည့်ရင်တော့ EDGE Network နဲ့ပဲအလုပ်လုပ်ပါတယ် (HSPDA မရပါဘူး) ဖုန်းပြောရတာတော့ အဆင်ပြေပါတယ်။

နောက်ပြီး ကိုယ်သုံးနေတဲ့ Internet Download Speed ကိုလည်း Notification Bar မှာ ပြခိုင်းလို့ရပါတယ်။


Battery Level ကို Percent နဲ့ပြပေးပါတယ်။
တခြားအားသာချက်သေးသေးလေးတွေအများကြီးရှိပါသေးတယ်(ဥပမာ ဖုန်းနံပါတ်တွေနှိပ်ရင် စန္ဒယားသံထွက်တာတို့၊ Music Player မှာ ဖုန်းကိုလှုပ်လိုက်တာနဲ့
အပုဒ်ကျော်ပေးတာတို့ စသည်ဖြင့် ....)

C8813 ကို MIUI ROM ပြောင်းလိုက်ခြင်းဖြင့် ကျွန်တော်တွေ့သလောက်တော့ Error မရှိပါ။ Face Unlock အတွက်တော့ application မပါပါ။ မူရင်း ROM မှ
Face Unlock နှင့်အဆင်မပြေပါ။ ထိုအချက်ကို Error ဟုမသတ်မှတ်လိုပါ။ (ROM ပြောင်းလျှင်ဖြစ်တတ်သော Camera, Wifi, Wifi Tether, Bluetooth, Bluetooth Tether
အဆင်မပြေခြင်းများမရှိပါ)။ MIUI version က 3.7.5 ပါ။

ဖိုင်ပမာဏ 232.451 မီဂါဘိုက်ရှိပါတယ်။  (ယခုပြောပြထားတာတွေဟာ ဖုန်းကို ကိုယ်တိုင် ROM change ဖူးတဲ့အတွေ့အကြုံရှိသူတွေကိုသာ ရည်ရွယ်ပြီးပြောပြတာပါ၊ ဘာမှမလုပ်ဖူးရင်တော့
မစမ်းကြည့်တာအကောင်းဆုံးပါ။ နောက်တစ်ခုက ROM မပြောင်းခင်မှာ Original Huawei Emotion Icon C8813 ROM ကို Backup လုပ်ထားစေချင်ပါတယ်။
အဆင်မပြေရင်ပြန် restore လုပ်လို့ရအောင်လို့ပါ)


Click Here Download Link
credit ပြည့် ဖြိုး
ref: http://www.myanmaridroidappfree.com



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Oct 7, 2013

DNS Server ပြောင်း နည်းများ

http://2zfzag48f08z9ixyg2gzdgy4z5.wpengine.netdna-cdn.com/wp-content/uploads/2013/09/DNS-Server-720x340.jpg
Domain Name Server (or) DNS ဆိုတာ လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com)ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Addressတွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ ဥပမာ သင်က facebook.comလို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS Serverက IP Address အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအခါကျမှ သင်က facebookကို အသုံးပြုလို့ ရတာပါ။ သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS Serverက ကြားထဲကနေ အလုပ် လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက် အမြန်နှုန်းက DNS server ပေါ်မှာလည်း မူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့ DNS ကို သုံးကြပါတယ်။ သင့် အင်တာနက် Speed ပိုမိုကောင်းမွန်အောင်လို့ သင့် ISPရဲ့ DNS ကို မသုံးဘဲ တစ်ခြား DNS(google dns,open dns etc:)တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Serverကို ပြောင်းလဲ အသုံးပြုခြင်းဖြင့် ISPက blocked လုပ်ထားတဲ့ ဆိုက်တွေ၊ region blocked sites တွေကိုလည်း ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်ချို့ DNS တွေက Phishing Protection, Parental Control စတာတွေလည်း ပါရှိပါတယ်။ DNS Server ကို ပြောင်းလဲအသုံးပြုဖို့  နည်းတွေကို အောက်မှာ ဆက်ဖတ်ပါ။
On Your Router
သင့်ရဲ့ Network တစ်ခုလုံးအတွက် DNS Serverကို ပြောင်းလဲချင်ရင် Routerကနေ ပြောင်းပါ။ အဲဒီ Network တစ်ခုလုံးမှာ ချိတ်ဆက်နေတဲ့ PCs, Smartphones, Tablets, Game Consolesနဲ့ တစ်ခြား Device တွေ အားလုံးက Router က DNS Server ကို အသုံးပြုတာ ဖြစ်ပါတယ်။ Default အားဖြင့်တော့ Router တွေက Internet Service Providerရဲ့ DNS Server ကို အသုံးပြုကြတာပါ။ Router က DNS Server ကို ပြောင်းလဲ သတ်မှတ်ခြင်းဖြင့် အဲဒီ Network ထဲမှာ ချိတ်ဆက်နေတဲ့ Deviceတွေ အားလုံးက သင်သတ်မှတ်ထားတဲ့ DNS Server ကို အသုံးပြု ကြမှာပါ။
ဒီလိုလုပ်ဖို့ Routerရဲ့ Web Interfaceကို အသုံးပြုပါ။ ပြောင်းလဲနည်းကတော့ သင့်ရဲ့ Router ပေါ်မူတည်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာ သင်မသိရင် Router’s Manualမှာ Instructions တွေကို ရှာပြီးလေ့လာပါ။ Default Password ကိုလည်း မှတ်သားပါ။
လေ့လာပြီးရင် Pages တစ်ခုခု မှာ DNS Optionကို တွေ့ရှိရမှာဖြစ်ပြီး DNS Serverကို ပြောင်းလဲပါ။ ဒီလို ပြောင်းလဲခြင်းဟာ Network တစ်ခုလုံးကို အကျိုးသက်ရောက်စေပါတယ်။ ပြောင်းလဲအသုံးပြုဖို့ Google DNS, Open DNS စသဖြင့် အမျိုးမျိုးရှိပြီး Google ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အောက်ကပုံမှာ တွေ့မြင်ရတာကတော့ Google DNS Server ဖြစ်ပြီး Primary DNS Serverက  8.8.8.8 ဖြစ်ပြီး Secondary DNS Serverက  8.8.4.4 ဖြစ်ပါတယ်။

Windows – Control Panel
တစ်ခြား Device တွေမှာလည်း DNS Serverကို သီးခြား ပြောင်းလဲအသုံးပြုနိုင်ပြီး Windows မှာ Network Adapter တစ်ခုချင်းစီအတွက် သီးခြား DNS Serverတွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင်က Laptop တစ်လုံးထဲမှာ Wireless, Wired Network Connections နှစ်ခုစလုံး အသုံးပြုတယ်ဆိုရင် Wi-Fi, Ethernetစတဲ့ ကွန်နက်ရှင်တွေအတွက် တစ်ခုချင်းစီ သီးခြားပြောင်းလဲပေးရမှာပါ။ Windows မှာ DNS Server ပြောင်းလဲဖို့  Taskbar က Network Icon ပေါ်မှာ Right Click နှိပ်ပြီး Open Network and Sharing Center ကိုနှိပ်ပါ။

ဘယ်ဘက်မှာရှိတဲ့ Change adapter settings ကိုနှိပ်ပါ။

ပြောင်းလဲချင်တဲ့ Network Adapter ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။

Properties ၀င်းဒိုးပေါ်လာရင် Internet Protocol Version 4 (TCP/IPv4) ကိုရွေးချယ်ပြီး Properties ကိုနှိပ်ပါ။

“Use the following DNS server addresses” ကို ရွေးချယ်ပေးပြီး “Preferred DNS server:”, “Alternate DNS server:” စတာတွေမှာ သင်နှစ်သက်ရာ DNS Server Addressesကို ဖြည့်ပေးပါ။ DNS Server Addressesတွေကို Google ကနေရှာနိုင်ပါတယ်။ အောက်မှာတော့ Google DNS, OpenDNS နှစ်ခုရဲ့ DNS Server Addresses တွေကို ဖော်ပြပေးထားပါတယ်။
Google DNS
Preferred: 8.8.8.8
Alternate: 8.8.4.4
OpenDNS
Preferred: 208.67.222.222
Alternate: 208.67.220.220

Windows – Quick Switching
DNS Servers တွေကို အပေါ်ကနည်းအတိုင်း ပြောင်းလဲ အသုံးပြုရတာ လုပ်ရတဲ့အဆင့်တွေများပြီး အလုပ်ရှုပ်ပါတယ်။ သင့် ဟာ DNS Servers တွေကို အမြဲပြောင်းလဲပြီး အသုံးပြုသူတစ်ယောက်ဆိုရင်တော့ DNS Jumper ဆိုတဲ့ Freeware ကို အသုံးပြုဖို့ အကြံပေးပါတယ်။
DNS Jumperကို သုံးရင် အလွယ်တကူနဲ့ Google Public DNS, OpenDNS စတာတွေ အပြင်တစ်ခြား DNS (၃၉) ခုကို အလွယ်တကူ ပြောင်းလဲသုံးနိုင်ပါတယ်။ နောက်ပြီး DNS Jumperက Fastest DNS တွေကို ရှာပေးနိုင်လို့ အမြန်ဆုံး DNSကို ရွေးချယ် သုံးနိုင်ပါတယ်။ DNS Jumperကို run ပြီး Fastest DNS ကို နှိပ်ပါ။

Find Fastest DNS ကိုနှိပ်ပါ။

ဒါဆိုရင် အမြန်ဆုံး DNSကို တွေ့ မြင်နိုင်ပြီး Apply Fastest DNSကို နှိပ်ပါ။
Untitled-9
သင့် ISP ရဲ့ DNS ကို ပြန်ပြောင်းချင်ရင်တော့ star iconကို နှိပ်ပြီး Default DNSကို နှိပ်လိုက်ရင် နဂို DNS ကို ပြန်ပြောင်းပေးမှာပါ။

Windows – Command Line
အပေါ်ကနည်းတွေကို မသုံးဘဲ Commandကို အသုံးပြုနိုင်ပါသေးတယ်။ Command Promptကို Administrator အနေနဲ့ Run ပြီးအောက်က Commandကို ရိုက်ထည့်ပေးပြီး Enter ခေါက်ပါ။ ဒီ Commandကို Batch Files အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
netsh interface ip set dns name=”Local Area Connection” static 8.8.8.8

On Your Smartphone or Tablet
Android, iOS Device တွေမှာလည်း DNS Serverကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒီလို ပြောင်းလဲအသုံးပြုတာက Single Network တစ်ခုတည်းကိုပဲ အကျိုးသက်ရောက်စေပါတယ်။ သဘောက Home Networkမှာ DNS Server ပြောင်းလဲ အသုံးပြုတယ်ဆိုပါစို့ ။ Wi-Fi Network တစ်ခုကို ချိတ်ဆက်ပြီး အသုံးပြုရင် DNS Serverကို ထပ်ပြီး ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒီလိုလုပ်ဖို့ Android ရဲ့ Wi-Fi Network List ကိုဖွင့်ပြီး ချိတ်ဆက်မိနေတဲ့ Network ပေါ်မှာ ဖိထားပါ။ Modify Network ကို နှိပ်ပြီး “Show advanced options” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ပေးပါ။ IP Settingsမှာ Static ပြောင်းပေးရင် DNS Server ကို ပြောင်းလဲဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

အပေါ်ကနည်းက သင့်ကို အလုပ်ရှုပ်စေတယ်ထင်ရင် DNS Serverကို အလွယ်တကူ ပြောင်းပေးတဲ့ Applicationကို သုံးနိုင်ပါတယ်။ သင့် Android ဖုန်းက Root လုပ်ထားတယ် ဆိုရင်တော့ Set DNS app ကိုသုံးနိုင်ပြီး သင်ပြောင်းချင်တဲ့ DNS Server ကို အလွယ်တကူ ပြောင်းနိုင်ပါတယ်။ Set DNS က သင့်ဖုန်း Network တစ်ခုကို ချိတ်ဆက်မိပြီဆိုတာနဲ့ DNS Server ကို အလိုလို ပြောင်းပေးနိုင်ပါတယ်။

iOS Device တွေမှာလည်း ဒီနည်းအတိုင်း ပြောင်းနိုင်ပါတယ်။ Wi-Fi Settings ကိုသွားပြီး ချိတ်ဆက်မိနေတဲ့ Networkက Arrowကို Tap တစ်ချက်နှိပ်ပါ။ DNS fieldကို တစ်ချက်နှိ်ပ်ပြီး နှစ်သက်ရာ DNS Serverကို ပြောင်းနိုင်ပါတယ်။
Windows PCမှာ DNS Server ပြောင်းပြီးရင်တော့ အကျိုးသက်ရောက်စေဖို့  DNS Cacheကို Flush လုပ်ပေးရပါမယ်။ ဒီလို လုပ်ဖို့အောက်က Commandကို Command Promptမှာ ရိုက်ပေးပါ။ DNS Jumperကို အသုံးပြုရင်တော့ Flush DNS ပြုလုပ်ဖို့ Function ပါရှိပါတယ်။

refer link http://ict.com.mm

Oct 5, 2013

Android APK တစ်ခုကို Edit လုပ်ကြည့်ခြင်း



1. ပထမဆုံး ကျွန်တော်တို့ ကွန်ပျူတာမှာ jre(java runtime environment) ရှိဖို့လိုပါတယ်။ အောက်ကလင့်မှာ ဒေါင်းပြီး ကွန်ပျူတာမှာ install လုပ်ထားပါ။
http://uploadingit.com/file/egvgnaw76d6q82uv/jre-7u25-windows-i586%20by%20myanaungtharr.rar




2. ပြီးရင် အောက်က ဖိုင် နှစ်ခုကို ပေးထားတဲ လင့်မှာ ဒေါင်းလုပ်ဆွဲပါ။
apktool1.5.2.tar.bz2
apktool-install-windows-r05-ibot.tar.bz2
အဲဒီ ဖိုင် နှစ်ခုကို winrar နဲ့ extract ဖြည်ချလိုက်ပါ။ အထဲမှာ အားလုံးပေါင်း ဖိုင်သုံးခုရလာပါမယ်။
aapt.exe
apktool.bat
apktool.jar ဆိုတဲ့ ဖိုင်သုံးခုပါ။
3. Desktop ပေါ်မှာ folder အသစ် တစ်ခု ကို နာမည်ပေးပြီး ဆောက်လိုက်ပါ။ဥပမာ….folder နာမည်ကို test ဆိုပြီး ပေးလိုက်ပါ။ ခုနက ရလာတဲ့ ဖိုင်သုံးခုကို အဲဒီ test ဆိုတဲ့ folder ထဲမှာ ကူးထည့်ထားပေးပါ။ အောက်ကပုံလေးကိုကြည့်ပါ။


4. မိမိ source code လိုချင်သော apk file ကို test ဆိုတဲ့ folder ထဲကို ကူးထည့်ပါ။ ကျွန်တော်က Battery Indicator Pro (2.3.2).apk ဆိုတဲ့ apk လေးနဲ့ နမူနာ လုပ်ပြပါမယ်။ ပုံလေးကို ကြည့်ပါ။


5. test ဆိုတဲ့ folder ရဲ့ လွတ်တဲ့ တစ်နေရာမှာ keyboard ကနေ shift key ကို ဖိထားပြီး right click နှိပ်လိုက်ပါ။ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း Open command window here ကို ရွေးပါ။ cmd.exe box တစ်ခုကျလာပါမယ်။ အောက်ကပုံလေးတွေကို ဆက်ကြည့်သွားပါ။



6. ကဲ….command လေးတစ်ခုရိုက်ရအောင်။
apktool decode “Battery Indicator Pro (2.3.2).apk” (apk file name က မိမိတို့ decode လုပ်ချင်တဲ့ apk ရဲ့ file name နော်….ကျွန်တော်က Battery Indicator Pro (2.3.2).apk နဲ့ နမူနာလုပ်ပြတာဆိုတော့ ဒီအတိုင်းရိုက်ရပါတယ်။) အောက်ကပုံကိုကြည့်ပါ။

အောက်ကပုံလေးအတိုင်းရလာပါမယ်။

ကျွန်တော်တို့ ဆောက်ထားတဲ့ test ဆိုတဲ့ folder ထဲမှာလည်း Battery Indicator Pro (2.3.2) ဆိုတဲ့ folder လေးတစ်ခုရောက်လာပါမယ်။ပုံလေးတွေကြည့်သွားနော်။

အဲဒီ folder လေးကိုဖွင့်ကြည့်လိုက်ရင် AndroidManifest.xml ဆိုတဲ့ file လေးအပါအ၀င် စုစုပေါင်း file လေးခုပါပါတယ်။ အဲဒီ AndroidManifest.xml လေးကို ဖွင့်ကြည့်ရင်အောက်ကပုံလေးထဲကအတိုင်း apkရဲ့ coding အချို့ကိုရပါမယ်။ ခနထားလိုက်ပါ။


7.  test ဆိုတဲ့ folder ထဲက ကျွန်တော်တို့ decode လုပ်မယ့် Battery Indicator Pro (2.3.2).apk ကို Battery Indicator Pro (2.3.2).apk.zip ဟုနာမည်ပြောင်းပေးပါ။ သူက file extension ကို ပြောင်းမှာလား လာမေးရင် Yes ကိုရွေးလိုက်ပါ။အောက်ကပုံလေးကိုကြည့်ပါ။

ရလာတဲ့ zip file လေးကို ပုံထဲကအတိုင်း extract လုပ်ပေးပါ။

ကဲ…ဒါဆို အောက်က ပုံထဲကအတိုင်း စုစုပေါင်း folder ရော file ရော ခြောက်ခုရသွားပါပြီ။

7.  အဆင့်တော့များပါတယ်။ ဒါပေမယ့် တစ်ခုချင်း သေသေချာချာလေး လုပ်သွားပါ။ မခက်ပါဘူး။
http://code.google.com/p/dex2jar/downloads /detail?name=dex2jar-0.0.9.13.zip&can=2&q= 

မှာ dex2jar-0.0.9.13.zip ကို download ဆွဲပါ။test ဆိုတဲ့ folder ထဲသို့ ကူးထည့်ပါ။ ပြီးရင် extract ဖြည်ချပြီး အောက်ကပုံအထိရောက်အောင် သွားဖွင့်ထားပါ။




8. ခုနက apk ကို နာမည်ပြောင်း၊ extract လုပ်ထားတဲ့ Battery Indicator Pro (2.3.2).apk ဆိုတဲ့ folder လေးကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း file စုစုပေါင်း 5 ခုရှိတာတွေ့တယ်နော်။ အဲဒီအထဲက classes.dex ကို ပုံထဲမှာ ပြထားတဲ့အတိုင်း dex2jar.bat ထဲသို့ mouse နဲ့ drag လုပ်ပြီး ဆွဲထည့်လိုက်ပါ။

9. အဲဒါဆိုရင် Battery Indicator Pro (2.3.2).apk ဆိုတဲ့ folder ထဲမှာ classes_dex2jar.jar ဆိုတဲ့ နာမည်နဲ့ file လေးတစ်ခု ထပ်ရလာပါမယ်။ အဲဒီကောင်လေးကို ပုံထဲကအတိုင်း extract လုပ်လိုက်ပါ။ classes_dex2jar ဆိုတဲ့ folder ရလာပါပြီ။ အဲဒီ folder ထဲမှာ .class နဲ့ ဆုံးတဲ့ class file တွေရှိပါတယ်။ ရှုပ်များသွားကြပြီလားမသိဘူး…..
ကျွန်တော်တို့ အဓိက လိုချင်တာအောက်ကပုံထဲကပြထားတဲ့ .class file တွေပါ။ ဒါတွေကို  Decompiler နဲ့ decompile လုပ်လိုက်ရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ source code တွေ ရပြီပေါ့ဗျာ။


10. Decompiler ကို အောက်ကလင့်မှာ ဒေါင်းလုပ်ဆွဲပါ။
http://uploadingit.com/file/s4jifdnbegygegxv/djdecompiler%20312%20by%20myanaungtharr.zip

 credit by  မြန်အောင်သားဖြိုးကြီး

Apple မှာ Musicနဲ့ Data တွေကို လွယ်ကူစွာ Transfer လုပ်နိုင်မယ့် iMobie PhoneTrans Pro3.6.0 with Key/Crack


Apple က iPhone5, iPad min, iPod Touch 5 နဲ့ တခြား iOS Decice တွေမှာ Music နဲ့ Data တွေကို Transfer လုပ်ရမှာ ဒီဆော့ဖ်ဝဲ လေးက ကူညီပေးပါလိမ့်မယ်။ Licence အတွက် key လေးပါပါတော့ သုံးရတာ အဆင်ပြေမှာပါ။

With newly designed PhoneTrans Pro, you are now capable of transferring everything to your iPhone 5, iPad mini, iPod touch 5 and all the iOS Device as well. PhoneTrans Pro brings you a shortcut to keep everything safe and duplicable. It will help you easily copy music or game progress to new iPhone and iPad or even backup them to iTunes library on a computer. 



အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။


 credit  မြန်အောင်သားဖြိုးကြီး 

Smart Google Apps Installer(4.0.3 မှ 4.2.2 ထိ Google App တွေကို လွယ်လွယ်ကူကူသွင်းကြမယ်)


Android 4.0.3 မှ 4.2.2 အထိ Google App တွေကို လွယ်ကူစွာ သွင်းနိုင်မယ့် ကိုကျော်စွာသွင်ရဲ့ Smart GApps Installer လေးပါ။

GApps Installer တွေ ပုံစံအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ လူတော်တော်များများ လုပ်နေကြတာပါပဲ... ဒါပေမယ့် နောက်ထွက်တဲ့ G610 လို ဖုန်းတွေနဲ့ သိပ်အဆင်မပြေတာလဲ သိတဲ့အတိုင်းပါပဲ... ဒါ့ကြောင့် ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... Smart GApps Installer လို့ အမည်ပေးထားပြီး... လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ်... Custom Recovery ရှိရန် မလိုအပ်ပါ...




အောက်ကလင့်မှာ ဒေါင်းပါခင်ဗျာ။


Credit to: Kyaw Swar Thwin     
                 မြန်အောင်သားဖြိုးကြီး 

Huawei C8813 မှာ ၁၅၀၀ MEC SIM Card မသိတော့တဲ့ Error ဖြေရှင်းနည်း






ကျွန်တော်တို့ Huawei C8813 မှာ firmware update လုပ်မိလို့ Build Number မြင့်သွားရင် 1500 တန် MEC Sim Card ကို မသိတော့ပါဘူး။ Build Number က B175 ဖြစ်သွားရင် အများဆုံးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် Build Number B169 ကို downgrade ပြန်ဆင်းရပါတယ်။ ပုံမှန် B169 dload file နဲ့ downgrade ပြန်ဆင်းလို့မရပါဘူး။

အောက်ကဖိုင်လေးကို ဒေါင်းပါ။
ရလာတာကို ဖြည်ချပေးပါ။ အထဲက UPDATE.APP ကို dload ဆိုတဲ့ folder ထဲ ထည့်ပြီး micro sd card ထဲကူးထည့်ပါ။ ပုံမှန် Huawei firmware တင်သလို Volume -,+,power ခလုတ်သုံးခုနှိပ်ပြီး တင်လိုက်ပါ။
ကဲ...ပြီးရင်တော့ Huawei C8813 B169 firmware လေးကို ဒေါင်းပြီး အထဲက dload လေးနဲ့ firmware downgrade လုပ်လို့ရပါပြီ။ အားလုံးပြီးလို့ Build Number B169 နဲ့ firmware တက်လာရင် 1500 MEC Sim Card ကို သုံးလို့ရပါပြီ ခင်ဗျာ။



downgrade ဆင်းနိုင်ဖို့အတွက် အောက်ကဖိုင်လေးကို ဒေါင်းပါ။

C8813 B169 firmware ကိုတော့ အောက်မှာဒေါင်းပါ။
Credit to: myanmarmobileappstore/mm-mpxteam.net နှင့် Credit ပေးထိုက်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျာ။

Followers