Jul 15, 2013

I Phone Setting နှင့် app များကိုမြန်မာလိုပြောင်းမယ်




မင်္ဂလာပါ အားလုံးပဲစောင့်မျှော်နေကြတဲ့ ကွန်ပျူတာမလို tweak မလိုပဲ အိုင်ဖုန်း Setting  တစ်ခုလုံးကို မြန်မာလိုပြောင်းပစ်နိုင်မည့် နည်းလမ်းလေးပါ
ဒါကိုမလုပ်ခင် ပထမဆုံး မိမိတို့ရဲ့ အိုင်ဖုန်းမှာ iFile ဆိုတဲ့ tweak လေးကိုသွင်းထားရမှာ ဖြစ်ပါတယ်... tweak သွင်းဖို့ လင့်ကတော့ http://repo.hackyouriphone.org ကိုအက်ပြီးတော့
ဒေါင်းယူလိုက်ပါ။ ifile ရှိပြီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ ပထမဆုံး ifile ကိုဖွင့်ပါ var ကိုဝင်ပါပြီးရင် stash ကိုဝင်ပါ ပြီးနောက် Applications.4qp7t2
 (မှတ်ချက်= applications ရဲ့နောက်က 
4qp7t2 တို့ကို ပုံသေမမှတ်ပါနဲ့ ဖုန်းတစ်လုံးနှင့်တစ်လုံး မတူညီနိုင်ပါ သဏ္ဍန်တူလို့ပဲမှတ်ယူပါ)
 ဆိုတဲ့ဖိုင်ကို ထပ်ပြီးတော့ ဝင်ပါ
နောက်ထပ် Preferences.app အထဲကိုဝင်ပါ အထဲမှာ iproj တွေအများကြီးတွေ့ပါလိမ့်မယ် အထဲမှာမှ မိမိရွေးချယ်ထားတဲ့ language ဟာ
 US ဆိုရင် English.iproj ကိုဝင်ပါ. တစ်ကယ်လို့
Uk ဆိုရင်တော့ en_GB.iproj ဆိုတာကိုဝင်ပါ.. အထဲမှာရှိတဲ့ strings ဆိုတဲ့ စာနဲ့ဆုံးတဲ့ဖိုင်မှန်သမျှ သင်ကြိုက်သလိုပြင်နိုင်ပါပြီ။ ifile မှာမြန်မာကီးဘုတ် မပေါ်လာတဲ့အတွက် စိတ်မညစ်ပါနဲ့
ပြင်ချင်တဲ့ String တစ်ခုကိုနှိပ် Text Viewer ကိုရွေးပြီးတော့ဖွင့်လိုက်ပါ ပြီးရင် Edit ကိုနှိပ်ပြီးတော တစ်နေရာရာကို ဖိထားလိုက်ပါ ပြီးတော့ selact all ကိုနှိပ် copy လုပ် ပြီးရင် Home ကိုနှိပ်ပြီင်္းတော့
ထွက်လိုက်ပါ Note ကိုဖွင့်ပါ. ပြီးတော့ paste လုပ်လိုက်ပါ။ ကဲအခုဆိုရင် သင်ကြိုက်သလို မြန်မာစာပြောင်းရေးနိုင်ပါပြီ။ တစ်ခုတော့ သတိပေးပါရစေ မပြင်ခင်မှာ နောက်စာမျက်နှာ တစ်ခုဖွင့်ပြီးတော့ 
မူရင်း string တွေကို သိမ်းထားစေလိုပါတယ် ဒါမှသာ မိမိတစ်ခုခုမှားသွားလို့ error တက်ရင် မူရင်းစာတွေ ပြန်သွင်းနိုင်မှာပါ..  ဆက်လိုက်ရအောင် အားလုံးပြင်ပြီးရင် ပြင်ပြီးသားတွေကို ပြန်ကူး
ifile ကိုသွား ရောက်တာနဲ့ string ထဲကစာတွေကို ဖျက်ပြီးတော့ မိမိပြင်ပြီးသားတွေနဲ့ အစားထိုးပေးလိုက်ပါ. အားလုံးပြီးပြီဆိုရင် ဖုန်းကို Reboot ချပေးလိုက်ပါ ပြန်တက်လာရင် မြန်မာလိုပြင်ထား
ပြီးသား စာလေးတွေနဲ့ ဖလန်းဖလန်းထနိုင်ပါပြီ။ 


**(သတိ)** စာများပြောင်းရာတွင် ညီမျှခြင်း(=) ရဲ့နောက်က စာများကိုသာပြောင်းရမှာဖြစ်ပါတယ် Quotation_mark( " " ) လေးတွေရဲ့ အတွင်းက စာတွေကိုသာပြောင်းရမှာပါ 
ဥပမာ =
 "CANCEL" = "Cancel" ဆိုရင် "CANCEL" = "ပယ်ဖျက်ရန်"  ဆိုပြီး ပြောင်းရမှာဖြစ်ပါတယ် Screen Shoot တွေကိုတော့ အောက်မှာကြည့်ပါ။ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီးတော့
ရှင်းပြပေးထားပါတယ် အဆင်မပြေတာ မရှင်းတာရှိခဲ့ရင် မေးနိုင်ပါတယ်..



Screen Shoot.::



အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. အဆင်မပြေတာရှိရင် Comment ပေးခဲ့ပါ


 

ဖုန်းထဲမှာမှားဖျက်မိတာတွေကို ပြန်ယူမယ် Dr.Fone

Wondershare Dr.Fone for Android 2.1.0.21 | 28.57 MB
Android ဖုန်းထဲမှာ ဖုန်း နံပါတ်တွေ SMS တွေကို မတော်တဆ မှားဖျက်မိတယ်ဆိုရင် 

ဒီ Dr Fone နဲ့ အလွယ်တကူ ပြန်ရှာနိုင်ပါတယ်  

ဒါလေးက ကွန်ပြူတာမှာ install လုပ်ပြီး အသုံးပြု့ရမှာပါ

ဓါတ်ပုံတွေ ဗီဒီယိုတွေ ကိုလည်း ပြန်ရှာပေးနိုင်တယ်။ Phone မှာပဲဖြစ်ဖြစ်

Tablet မှာပဲ ဖြစ်ဖြစ် သူ့ ကို အသုံးပြု့နိုင်ပါတယ်။ အထဲမှာ install လုပ်ပြီးရင် အသုံးပြု့ဖို့

မေးတခု့ နဲ့ key တခု့ လည်းတခါတည်းပါ ပါတယ် ဒါကြောင့် ဖုးဗားရှင်း အဖြစ် အသုံးပြု့နိုင်မှာပါ
အသုံးပြု့မယ် ဆိုရင် အောက်မှာ ဝင်ဒေါင်းသွားလို့ရပါတယ်
အသေးစိတ် ကို အောက်မှာလည်း ဖော်ပြထားပါတယ် ဓါတ်ပုံတွေ ဗီဒီယိုတွေအတွက်

အထူး လေးတွေ ပါ ပါတယ် ခင်ဗျာ


ကိုလတ်(ကျွဲဆင်း)
အောက်က ပုံကတော့ ကျနော် စက်မှာ install လုပ်ပြီး key ထည့် ပြီးသွားသော ပုံလေးဖြစ်ပါတယ်
Accidentally deleted messages or contacts on your Samsung handset? Or lost photos from the SD card on your Android device? No need to worry now. Wondershare Dr.Fone for Android is capable of recovering messages, contacts, photos and video on from an Android phone or tablet. Due to the ease-to-use interface, its ideal for everyone, like single users or professionals, even concerned parents who want to protect their kids from negative information. Scan, preview and recover. Simple clicks bring you what you want.

The Worlds 1st Data Recovery Software for Android Smartphones
- Directly recover deleted SMS text messages and contacts
- Retrieve photos and video lost due to deleting, restoring factory settings, flashing ROM, rooting, etc., from SD cards inside Android devices
- Preview & selectively recover messages, contacts and photos before recovery
- Support multiple Android phones and tablets, like Samsung, HTC, LG, Motorola, and so forth
- Only read and recover the data, no personal info leaking

Homepage - http://www.wondershare.com

Android ဖုန်းထဲကနေ မြန်မာ MP3 သီချင်းများဒေါင်းယူလိုလျှင်




မိမိတို့ Android ဖုန်းထဲကနေပဲ မြန်မာ MP3 သီချင်းများဒေါင်းယူနိုင်မဲ့ Myanmar Music Store ဆိုတဲ့ App လေးပါ သီချင်းပေါင်းများစွာပါဝင်ပါတယ်  အသစ်တင်တိုင်းလဲပြပေးပါတယ်....။



Click Here to Download
 
  အပေါ်က Version နဲ့ အဆင်မပြေရင် ဒီအောက်က Link မှာ ဒေါင်းယူနိုင်ပါတယ်...
Click Here to download v1.2
Ref & Credit  => ၀င်းကမ္ဘာကျော်

WinRAR 5.00 Beta 7 Latest Version & Full Version အဖြစ် Install ပြုလုပ်နည်း


 WinRAR ကို အားလုံးသိကြမှာပါ... ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ Software လေးပေါ့...(နောက်ဆုံး Update Version ပါ) 
 ဒီ WinRAR ကို များးသောအားဖြင့် ကွန်ပျူတာတိုင်းမှာ ထည့်ထားကြပေမဲ့ Full Version အဖြစ် Keygen ကိုသုံးပြီး လုပ်မထားတတ်ကြပါဘူးးး Full Versin မဖြစ်လို့ သုံးမရဘူးလားဆိုတော့ သုံးလို့ရနေပါတယ် ... ဒါပေမဲ့ WinRAR ကို ဖွင့်လိုက်တိုင်း Online ကနေ လိုင်စင် ဝယ်ပါ ဘာညာဆိုပြီး Message Box လေးတစ်ခု အမြဲတတ်တတ်ပါတယ်.... တိုက်တိုက်ဆိုင်ဆိုင် မနေ့က သူငယ်ချင်း တစ်ယောက်ရဲ့ ကွန်ပျူတာမှာ သတိထားလိုက်မိလို့ မသိသေးတဲ့ သူငယ်ချင်းများ လုပ်တတ်အောင် အောက်မှာ Video လေးနဲ့ ရှင်းပြပေးလိုက်ပါတယ်...။ 
လိုက်လုပ်ရမှာ အဆင်မပြေရင် Free ပေးတဲ့  ဒီ  7Zip Download  ကိုလည်း အသုံးပြုနိုင်ပါတယ်.. ဒါပေမဲ့ သူက သုံးရတာ အနည်းငယ် မျက်စိရှုတ်စေပါတယ်... သူလဲ Zip,RAR ဖိုင်လ်တွေကို Extract လုပ်ပေးနိုင်တဲ့ Software လေးပါပဲ .. ဒေါင်းလို့ရလာတဲ့  .exe ဖိုင်လ် လေးကို Double Click နှိပ်ပြီး Install ပေးရုံပါပဲ.. သူနဲ့  RAR,Zip ဖိုင်လ် တွေကို Extract ပြုလုပ်ပုံလေးပါ Video လေးထဲမှာ ထည့်ပေးထားပါတယ်...။
အားလုံး အဆင်ပြေကြပါစေ....

WinRAR is a powerful archive manager. RAR files can usually compress content by 8 percent to 15 percent more than ZIP files can. WinRAR is a powerful compression tool with many integrated additional functions to help you organize your compressed archives. It can backup your data and reduce size of email attachments, decompress RAR, ZIP and other files downloaded from Internet and create new archives in RAR and ZIP file format.

Nokia မှ 41 megapixel ကင်မရာ စမတ်ဖုန်းသစ်ကို မိတ်ဆက်

 http://resources2.news.com.au/images/2013/07/12/1226678/190942-nokia-lumia-1020.jpg
 
Nokia ကုမ္ပဏီသည် 41 megapixel ကင်မရာ အရည်အသွေး အလွန်ကောင်းမွန်သည့် Lumia 1020 စမတ်ဖုန်းသစ်ကို မိတ်ဆက် ပြသလိုက်သည်။

အဆိုပါ ဖုန်း၏ ကင်မရာ အရည်အသွေးသည် 41 megapixelထိ မြင့်မားပြီး စမတ်ဖုန်း တစ်လုံးအတွက် လုံးဝ စိတ်ကူးမျှော်လင့်ခြင်း မရှိလောက်သည့် ပုံရိပ် အရည်အသွေးမျိုးကို အနုစိတ် မှတ်တမ်းတင်နိုင်မည်ဟု Nokiaက ကြေညာသည်။

မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် iPhoneနှင့် Android အသုံးပြု ဖုန်းများ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ကြုံနေရသည့် ဖင်လန်အခြေစိုက် ကုမ္ပဏီကြီးက Lumia 1020တွင် ဓာတ်ပုံ ရိုက်သူများ အနေဖြင့် ဖုန်း၏ Zoomကို အကျယ်ချဲ့ ဆွဲယူသည့်တိုင် ဓာတ်ပုံတွင် ဝေဝါးမှု လုံးဝ မရှိနိုင်ကြောင်း အာမခံထားသည်။

http://2eq9hztv2wc1k6odx469m9znq0.wpengine.netdna-cdn.com/wp-content/uploads/lumia1020camera.jpg 
သုတေသီများကလည်း စမတ်ဖုန်း ဈေးကွက်တွင် Lumia 1020သည် ကင်မရာ စွမ်းဆောင်ရည် အပိုင်းတွင် လုံးဝဥဿုံ အငြင်းပွားစရာမရှိ အကောင်းဆုံးဟု ထောက်ခံထားသည်။

ဈေးကွက်လေ့လာရေး လုပ်ငန်းတစ်ခုဖြစ်သော IDCက Lumia 1020သည် စိတ်ဝင်စားစရာ ထုတ်ကုန်တစ်ခုဟု ထောက်ခံခဲ့သော်လည်း စမတ်ဖုန်း ပရိသတ်များ အကြိုက်ဆုံး ဖန်တီးမှု တစ်ခု၊ သို့မဟုတ် Bestseller ဖုန်းအသစ်တစ်ခု ဖြစ်လာရန်မူ မသေချာကြောင်း သုံးသပ်ခဲ့သည်။

Nokiaက ယခုဖုန်းသည် ကင်မရာ ကောင်းမွန်မှုအပြင် အရည်အသွေး မြှင့်တင်မှု (၂၃)ခုကို ပြုလုပ်ထားပြီး အသံပိုမိုကြည်လင်ခြင်း၊ ဘက်ထရီသက်တမ်း ပိုမိုရှည်ကြာခြင်းနှင့် ဖုန်း၏ လုံခြုံရေးကဏ္ဍသည် အကောင်းဆုံး အဆင့်တွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ခုချိန်မှာ လူတွေက သူတို့ရဲ့ ဓာတ်ပုံတွေကို Social Networkတွေပေါ် မြန်မြန်ဆန်ဆန် တင်ချင်ကြတယ်လေ။

ဒီလို ဝယ်လက်မျိုး အတွက်တော့ ဒီဖုန်းက အကောင်းဆုံး ဓာတ်ပုံ အရည်အသွေးကို ထောက်ပံ့ပေးလိမ့်မယ်"ဟု ဈေးကွက် သုတေသီ တစ်ဦးဖြစ်သော ဖရန်ဆစ္စကို ဂျာရိုနီမိုက မှတ်ချက်ပြုခဲ့သည်။ Lumia 1020သည် Nokia၏ 41 Megapixel ကင်မရာတစ်လုံးကို ဖုန်းတွင် ဒုတိယမြောက် တပ်ဆင်မှု လက်ရာလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က Pureview 808ကို Nokiaက ထုတ်ဝေဖူးပြီး ထိုစဉ်ကမူ ကန့်သတ်ချက် များပြီး လူသုံးနည်းသွားသည့် Symbian OSကို အသုံးပြုထားသဖြင့် ကြီးကြီးမားမား အောင်မြင်မှု မရခဲ့ချေ။

သို့သော်လည်း ယခုစမတ်ဖုန်းတွင်မူ Microsoft၏ Windows Phoneကို Platformအဖြစ် ရွေးချယ်ထားသည်။ ယင်းOSတွင် Appပေါင်း (၁၆၀၀၀၀)ကျော်မျှ ရွေးချယ်စရာ ရှိနေပြီ ဖြစ်သည်။

Lumia 1020သည် ဗီဒီယို ရိုက်နေရင်း ဓာတ်ပုံပါ ရိုက်နိုင်ရာ Pureview 808ထက် ပိုမိုသာလွန်သည်။ Lumia 1020သည် ဈေးကွက်ထဲတွင် Samsung၏ Galaxy S4 Zoomနှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

 
ယင်းသည် Optical Zoomကို (၁၀)ဆ ချဲ့နိုင်သည့် ကင်မရာစွမ်းရည် ပါရှိပြီး အဝေးမှ ပုံရိပ်များကို ကြည်လင်စွာ ရိုက်ကူးနိုင်သည်။ အဆိုပါ စွမ်းရည်မျိုးသည် စမတ်ဖုန်းများထက် သီးခြား ကင်မရာများတွင်သာ ပိုမို ပါရှိသည်။

Lumia 1020ကို Processorအဖြစ် 1.5 GHz Dual-Core Qualcomm Kraitဖြင့် မောင်းနှင်ပြီး Memory 2GBပါရှိသည်။ GPUအတွက် Qualcomm Adreno 225က ထောက်ပံ့မည်ဖြစ်ပြီး Storageပမာဏ 32GBထိ ဝင်ဆံ့သည်။ AMOLED Displayအကျယ် (၄.၅)လက်မရှိပြီး 41 Megapixel အရည်အသွေးရှိ နောက်ဘက် ကင်မရာ၊ 1.3 Megapixel ပမာဏရှိ ရှေ့ဘက် ကင်မရာတို့ တပ်ဆင်ထားကြောင်း သိရှိရသည်။


ဝင်းကမ္ဘာကျော်   Planet Myanmar Network

လန်ထွက်နေအောင် Sexy ဆွဲမယ့် မော်ဒယ် မမ များ




ကဲ အသစ်အဆန်းလေးတွေ ကိုမှ သဘောကျတဲ့ ဘော်ဘော်များ  အရင်ပေးတဲ့ MP3 Dancer ကပုံသေးသေးလေး နဲ့ မို သိပ် သဘော မတွေ့ဘူးဆိုလို့ နှစ်သိမ့်နိုင်အောင် ဒီလို ဒတ်စတော့ပေါ်မှာ အသေအချာ ဆွဲပြမယ့် မော်ဒယ်လေးနဲနဲနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် မော်ဒယ်တွေ ကတော့ ၀ယ်၇ပါတယ်
ဝယ်လိုသူများ ကျွန်တော့်ဆီကို မေးပို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ် မော်ဒယ် စုစုပေါင်း လောလောဆယ် ကျွန်တော့်ဆီမှာ ၁၂၁၆ ယောက် ရှိပါတယ် မော်ဒယ် ဖိုတို ကတ်တလောက်ကိုလဲ တင်ပေးပါမယ် လိုအပ်သူများ မူရင်းဆိုဒ်မှာ ၀ယ်ရင်မော်ဒယ် တစ်ဦးကို  6$ ကျော် ကျပါတယ် အဟီး ကျွန်တော့်မှာ ၀ယ်မယ်ဆိုရင်တော့ မော်ဒယ် တစ်ဦးကို 2$ နှုန်းနဲ့ ရောင်းချပေးပါမယ် ဒစ်စကောက်ချတယ် သဘောထားလိုက် ဟိ ဆိုဒ် ပရိုမိုးရှင်း လုပ်တာ ဟိဟိ  လောလောဆယ် ဒါလေးတွေ က ဖရီးပေးလိုက်တယ်
ကြိုက်တယ်ဆို မှာနိုင်ပါတယ် ရှယ်ကီရာ ပဲခေါ်ပြီး ကခိုင်းမလား ဂျက်နဖာလိုပက် ပဲ ခေါ်ချင်သလား 2$ ပဲနော် ဟိ ဆိုဒ် ဟော့စတင် ၀ယ်ဖို့ ငွေလိုနေတယ် ဒါကြောင့် ရောင်းတာ






GALAXY S4 TW theme v3.6.1 Apk For Android

CM10.1 CM9 TouchWiz 5.0 theme apk
Galaxy S4 စတိုင်နဲ့အသုံးပြုချင်သူများအတွက် GALAXY S4 TW theme v3.6.1 Apk  လေးတင်ပေးလိုက်ပါ တယ်ဗျာ။ ကွန်ပြူတာစကားနဲ့ပြောရင်တော့ Deep freeze အုပ်လိုက်သလိုပေါ့ စာရိုက်တာကအစ ဖုန်းခေါ် တာတွေ ဖုန်းပြောတာတွေ Setting တွေ Icon တွေ Notification တွေကအစ အားလုံး Galaxy S4 စတိုင်ပြောင်း သွားတာဗျာ။ အောက်မှာ Screen Shoot ရိုက်ပြထားပါတယ်ဗျာ။ လန်းတာတော့အတော်လေးလန်းလို့ ကျွန်တော့်ဖုန်းတောင်ပြောင်းထားလိုက်တယ်ဗျာ။ အခြား Theme တွေလိုမျိုး ဖုန်းကိုလေးလံသွားစေချင်း လည်းမရှိပါဘူး။ စမ်သုံးကြည့်ပါ အကြိုက်တွေ့စေမှာသေချာပါတယ်ဗျာ။ ဒီကောင်လေးကတော့ Android OS 2.3 နှင့်အထက်ဖုန်းများကနေစပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။







CafeSuite 3.59.0 Full Version







အရှေ့ပိုင်းမှာ ကျွန်တော် Keylogger လေးတွေတင်ပေးခဲ့တဲ့အပြင် Child Controls Software လေးတွေကိုပါ တွဲတွဲပြီး တင်တင်ပေးထားခဲ့ပါတယ် ။ အစ်ကိုတစ်ယောက်ကလည်း Serial key အခက်အခဲဖြစ်နေတာရယ် တစ်ခြားသူတွေပါ လိုအပ်ရင် အသုံးပြုနိုင်အောင် တစ်ခါတည်း ရှာပြီးတင်ပေးလိုက်ပါတယ်။ အဆင်ပြေမယ့် ကောင်လေးကိုရွေးရှာရတော့ နည်းနည်းတော့အချိန်ကြာသွားပါတယ်။ ကျွန်တော်တို့ Internet Cafe တွေမှာ computers တွေ printers တွေ securing systems တွေ accounting တွေနဲ့  billing တွေကို ထိန်းချုပ်ပေးထားနိုင်ပါတယ်။ သုံးရတာလည်း လွယ်ကူပြီး အဆင်ပြေတဲ့အတွက် Internet cafe owners, operators တွေနဲ့  customers တွေ အားလုံးအတွက် အဆင်ပြေပါလိမ့်မယ်။ အထဲမှာ Full Version အတွက် Patch/Keygen နှစ်မျိုးစလုံးပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့   20.5 MB ရှိပါတယ်။ အောက်က အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။။

CafeSuite 3.59.0 Full Version
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 






 

မြန်မာ web လမ်းညွန် Application (For စက်ရုပ်)

မြန်မာနိုင်ငံမှာရှိတဲ့ web site ပေါင်းများစွာကို ရှာဖွေနိုင်ပါတယ် အင်တာနက်သုံး သူတွေအတွက်အဆင်ပြေနိုင်ပါတယ် အစိုးရဆိုက်တွေ စာမျက်နှာတွေကိုလည်းလွယ်ကူစွာရှာနိုင်အောင် အမျိုးအစားခွဲထားပါတယ် တတော် စုံလင်တဲ့ web လမ်းညွန် application ပါ လိုချင်ရင်အောက်မှာဒေါင်းနိုင်ပါတယ် အင်တာနက်အသုံးပြုသူတစ်ယောက်အနေနဲ့ဆောင်သင့်တဲ့ application  ပါ ဓာတ်ပုံလေးတွေကြည့်လိုက်ပါဦး www.mmithelper.com

Unlock Root Pro 4.1 ကို Full Version ရပါပြီ..

မိတ်ဆွေများခင်ဗျာ.. Root Tool လောကမှာ နာမည်ကြီးတဲ့ Unlock Root Pro ရဲ့ Version 3.41 ကို Full Version ရလာပါတယ်.. မနေ့ကကျော်ခွပြီး မနည်းဒေါင်းရတယ်ခင်ဗျ.. ဒီ Root Tool ကို ကျွန်တော် ခုထိ မစမ်းရသေးပါဘူး.. Full Version ဖြစ်၊ မဖြစ်ပဲ စမ်းရပါသေးတယ်.. ဟိုတစ်ခါတင်ပေးခဲ့တဲ့ 3.36 တုန်းက သိပ်အဆင်မပြေခဲ့တော့ စေတနာကို နားမလည်သူတစ်ချို့ရဲ့ တုန့်ပြန်မှုက ပြင်းထန်တဲ့အတွက် ခု ဒီဗားရှင်းကို တင်ပေးရမှာ နည်းနည်း စိုးရွံ့မိတာ အမှန်ပါ.. ဒါပေမယ့် အသုံးပြုလို့ရရပါစေမယ်လို့ အာမ မခံဘဲ တင်ပေးလိုက်ပါတော့မယ်.. အသုံးပြုလို့ရရင်လည်း မိတ်ဆွေများ အဆင်ပြေတာပေါ့ဗျာ.. အသုံးပြုလို့မရခဲ့ရင်လည်း ကျွန်တော့်ကို အပြစ်စကား ဆိုချင်ဆိုနိုင်ပါတယ်.. ကျွန်တော်ကတော့ စေတနာ အရင်းခံနဲ့တင်ပေးလိုက်တယ်ဆိုတာ မိတ်ဆွေများ နားလည်ပေးစေလိုပါတယ်..
Full Version ဖြစ်အောင်လုပ်နည်းကတော့ ရှင်းပါတယ်. အရင်တစ်ခါလို Crack , Patch မလိုတော့ပါဘူး.. Internet ဖွင့်ထားပြီး ကျွန်တော်ပေးထားတဲ့ ကီးကို ထည့်ပေးလိုက်ရုံပါပဲ..
The main function of this software is to obtain the highest user privileges, thus you can remove, install or uninstall any applications on your device freely and give you a clean system since you use Unlock Root. It has powerful functions and strong compatibility, and also it is very simple to operate. Nothing to worry whether your device would get bricked, because this software is stable enough.

Unlock Root has over 10,000,000 users around the world. It has 2 years of development. On December, 2012, Unlock Root Pro launched. It supports Android 2.2-2.3, 4.1 and even the hottest and latest devices, such as Samsung Galaxy S/SII/SIII, Note/Note 2, HTC One X, Amazon Kindle Fire/HD 7",Google Nexus 4/7/10, etc. It is the safest root software and provided with restore function. You can successfully root your device in 5 minutes. We guarantee 100% refund if failed. What's more, Unlock Phone is free of cost if you purchased Unlock Root Pro.
Root your device with Unlock Root can help you:
1. Overclocking
2. Underclocking which can help save battery
3. Mods to improve battery life
4. Access to apps that might require superuser permission
5. Removal of bloatware such as apps pre-installed by manufacturers or carriers
6. Deeper customization
7. Flashing ROMs such as CyanogenMod, MIUI
8. Gaining access to features that your carrier might otherwise have charged you a fee for i.e. WiFi/USB tethering.
Pro Version:
- One-click Get Root Access Permission
- Support Android 2.2- 2.3
- Support Android 4.0-4.1
- Support Samsung Galaxy SIII (S3), Galaxy Note II (Note2)
- Support Google Nexus 4 / 7 / 10
- Support HTC One X / S,Droid DNA,EVO,Incredible,Sensation,Tattoo
- Support Amazon Kindle Fire / HD 7"
တကယ်လို့များ အခက်အခဲမရှိဘူးဆိုရင် မိတ်ဆွေတို့ အောင်မြင်တဲ့ ဖုန်းအမျိုးအစား၊ Android Version တွေကို Comment မှာပဲဖြစ်ဖြစ်၊ maungpauk@gmail.com ကိုပဲဖြစ်ဖြစ် ရေးသားပေးစေလိုပါတယ်.. မအောင်မြင်ရင်လည်း ဘယ် ဖုန်းအမျိုးအစားကတော့ မအောင်မြင်ဘူးပေါ့ခင်ဗျာ..

Support ပေးတဲ့ ဖုန်းစာရင်းကိုတော့ www.unlockroot.com မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်..

မိတ်ဆွေများ အဆင်ပြေကြပါစေလို့ မျှော်လင့်လျက်

Ref & Credit  => ပြည့် ဖြိုး
မောင်ပေါက် ( Knowledge Note )

www.maungpauk.org


Followers