windows 7 home premium မှာ
the system administrator has set policies to prevent this installation
လို့ပေါ်လာခဲ့မယ် ဆိုရင် နည်း ၂ မျိုးနဲ့ ဖြေရှင်းနိုင်ပါတယ်လို့
miscrosoft support team ကပြောထားပါတယ် ဖြေရှင်းလို့ရနိုင်မယ့် ပထမ နည်း ကို
အောက်မှာပုံနှင့်တကွ ပြထားပေးပါတယ် ခင်ဗျာ
ပထမ ပုံမှာတော့ Start ကိုနှိပ်ပြီးေးတာ့ Control Panel ကိုသွားရမယ်
ပေါ်လာတဲ့ ပုံချင်းတော့ တူမယ်မထင်ဘူးဗျ ကျနော် က Control Panel ကိုအလွယ်တကူ
သွားလို့ရအောင် လုပ်ထားတာ OK Control Panel ထဲကိုရောက်ပီဆိုရင်
နံပါတ် 2 လို့ရေးပြထားတဲ့ အတိုင်း Administrastive Tools ဆိုတာကိုရအောင်ရှာလိုက်ပါ
အောက်က ပုံမှာကြတော့ နံပါတ် 3 လို့ရေးပြထားတဲ့အတိုင်း Local Security Policy ကို
တွေ့အောင်ရှာလိုက်ပါ တွေ့ပြီဆိုရင် Double Click( ကလစ်၂ချက်)ခေါက်ဖွင့်လိုက်ပါ
4 လို့ရေးထားတဲ့ စာအတိုင်းထပ်ပေါ်လာမယ်နော် Software Restriction Policies ဆိုတာကို
ကလစ် ၂ ချက်ခေါက်ဖွင့်ဖို့လိုပါမယ် ပွင်သွားပြီဆိုရင် အောက်မှာ ဆက်ကြည့်လိုက်ပါ
နံပါတ် ၆ လို့ ရေးထားတဲ့အတိုင် Enforcement ကိုတွေ့ရင် ကလစ် ၂ ချက်ခေါက်ပြီးထပ်ဖွင့်ပါအုံး
7 ကို ကလစ် ၂ချက်ခေါက် ဖွင့်လိုက်တဲ့အခါမှာ နောက်ထပ် explorer အသစ်ပေါ်လာမယ်
အပေါ်က နံပါတ် ၈ အတိုင်း အောက်က နံပါတ် ၉ မှာ အမှတ်လုပ်ပေးပါ
ပြီးရင် Apply လုပ် OK ပေးလိုက်ပါ
Computer ကို Restart ချဖို့လိုပါလိမ့်မယ် ပြန်တက်လာရင် စမ်းသပ် install လုပ်ကြည့်လိုက်ပါ
အဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ်
နောက်တနည်းကတော့ Registry ထဲကနေ သွားပြင်တဲ့ နည်းပါ တကယ်လို့ လိုအပ်ရင်
ပုံလေးတွေနဲ့ ကျနော် ထပ်ရှင်းပြပေးပါမယ် ခင်ဗျာ
အဆင်ပြေသွားတယ် ဆိုရင် ကျနော် ကိုအားပေးစကားလေး ပြောသွားအုံးနော်
credit
ကိုလတ်(ကျွဲဆင်း)
refer link စိုင်းသူ
No comments:
Post a Comment