ဒီ
ပို့စ်ကို www.thantzinsoe.co.nr မှ ခွင့်ပြုချက်အရ
ကူးယူဖော်ပြသည်..စာရေးသူမှာ.အကိုတစ်ယောက်လို..ဆရာတစ်ယောက်လို
ချစ်ခင်လေးစားရသူဖြစ်ပါသည်..
Networking
လောကမှာ Technician တွေ အဓိက အများဆုံးလုပ်ရတာက Folder တွေကို Share
ပေးရတာ ပါ။ တချို့တွေကတော့ Share တော့ ပေးတတ်ကြတယ်။ ဒါပေမယ့် သေသေချာချာ
နားမလည်ကြဘူး။ ကျွန်တော်လည်း ပါခဲ့တာပေါ့။ ဒါပေမယ့် ခုတော့ နည်းနည်းတော့
သိလာပြီထင်ပါတယ်။ ဒါကြောင့် ကျွန်တော် စာဖတ်ရင်း၊ အလုပ်လုပ်ရင်း
သိလာခဲ့ရတဲ့ အကြောင်းအရာ တွေ ချပြ ချင်ပါတယ်။ အရမ်းတတ်လို့တော့မဟုတ်ပါဘူး။
လူရှိန်အောင်လို့ပါ။
File တွေ ၊ Folder တွေ Share လုပ်ကြ တဲ့အခါ ရုံးတွေမှာ နှစ်နည်းနဲ့ Share
လုပ်ကြတယ်။ တစ်နည်းက Peer Share ပေါ့။ Computer တစ်လုံးနဲ့ တစ်လုံး
အပြန်အလှန် Folder တွေ Share ကြတဲ့နည်း နဲ့ နောက်တစ်နည်းက Server Computer
တစ်လုံးထားပြီး ထို Server Computer ကနေတဆင့် Folder တွေ File တွေ Share
လုပ်ကြတဲ့နည်း။ Centralized Share ပေါ့။ ပိုပြီး စနစ်ကျပြီး
ပိုပြီးSecurity ကောင်းတာပေါ့။
Computer
တစ်လုံးမှာ Folder တစ်ခု Share ရင် Share လုပ်နည်း နှစ်နည်းထဲက တစ်နည်းနဲ့
လုပ်နိုင်တယ်။ Standard Sharing နဲ့ Simple Sharing။(တစ်ခုနဲ့ တစ်ခု
ဘယ်လို ပြောင်းတာလဲ ဆိုတာလောက်တော့ သိကြမှာပါ။
Tool>folderoption>view>use simple sharing,byalternating)
Simple
Sharing နဲ့ Share လုပ်တဲ့ Computer က သူ့ စက်မှာရှိတဲ့ Folder တွေကို
User တစ်ဦးချင်းစီအလိုက် Permission ( မည်သူကဖြင့် ကြည့်ရုံ
ကြည့်နိုင်မယ်၊ မည်သူကိုတော့ ဖြင့် ဖျတ်ခွင့်ပေးမယ်စသဖြင့်) ပေးလို့မရဘူး။
Folder တစ်ခုကို Permission(လုပ်ပိုင်ခွင့်) Read ပေးလိုက်ရင် ဘယ်သူဘဲ
ဖြစ်ဖြစ် Read ဘဲရလိမ့်မယ်။ ဒါကြောင့် Simple Sharing နဲ့ Server တွေမှာ
Share လုပ်လေ့မရှိဘူး။
Standard
Sharing နဲ့ Share လုပ်တဲ့ Computer ကျတော့ သူ့စက်က Share ပေးထားတဲ့
Folder တွေကို တစ်ယောက်ချင်းစီ အလိုက် သီးခြား Permission တွေ ပေးလို့ရတယ်။
ဆိုပါတော့
ပုံမှာ File Server ဆိုတဲ့ File Server တစ်လုံးရှိတယ်။ ထို Computer ရှိ C
drive အောက်မှာ Finance folder ဆိုတာရှိတယ်။ Network Techinician က ထို
Finance Folder ကို မောင်ကောင်းမြင့်က Network ကလှမ်းသုံးရင် ကြည့်ရုံ
ကြည့်ခွင့်ပေးမယ်။ မောင်စည်သူက လာသုံးရင် ပြင်ခွင့် ဖျတ်ခွင့်
ပါပေးချင်တယ်။ ဒါဆိုရင် Simple sharing ကိုသုံးလို့မရဘူး။ Standard
Sharing ဘဲသုံးရမယ်။ ဒါဆိုရင် Network Technician က အရင် မောင်စည်သူအတွက်
Account တစ်ခု၊ မောင်ကောင်းမြင့်အတွက် Account တစ်ခုကို Server Computer
မှာ အရင် ဆောက်ပေးရမယ်။ (သတိထားရမှာက Server မှာ ဆောက်ပေးရမှာဖြစ်တယ်။
Client မှာ မဟုတ်ဘူး)။ finance Folder ကို Permission ပေးတဲ့အခါ
ထိုဆောက်ထားတဲ့ Account တွေကိုသုံးပြီး Permission ပေးပေးရမှာဖြစ်တယ်။
ဆိုပါတော့ Network Technician က မောင်စည်သူအတွက် Server မှာ mr.sithu
ဆိုပြီး Account ဆောက်တယ်။ မောင်ကောင်းမြင့် အတွက် mr.kaungmyint ဆိုပြီး
Account ဆောက်တယ်။ ပြီးရင် Finance folder ကို ထို ဆောက်ခဲ့တဲ့ account
တွေသုံးပြီး Permission ပေးတယ်။
Standard
Sharing မှာဆို Folder တစ်ခုကို user တစ်ယောက်အတွက် နှစ်နေရာမှာ
Permission ပေးနိုင်တယ်။ Sharing tab မှာ တစ်ခါ။ Security tab မှာ
တစ်ခါပေးရတယ်။ နှစ်နေရာမှာ ပေးရတဲ့အတွက် ထို User အတွက် တကယ်တမ်းရမယ့်
Permission ကိုပြန်တွက်ပေးရတယ်။ ဘယ်လိုတွက်လဲဆိုရင် ထို User အတွက် sharing
tab ရဲ့ Permission နဲ့ Security tab ရဲ့ Permission
ကိုနှိုင်းယှဉ်ပေးရတယ်။ အနည်းဆုံး Permission က ထို user တကယ်တမ်း ရမယ့်
Permission ဖြစ်တယ်။ (effective permission လို့လည်းခေါ်တယ်။)
ဥပမာ
Finance Folder မှာ mr.kaungmyint အတွက် Sharing tab မှာ Read permission၊
Security tab မှာ Write ပေးထားရင် mr.kaungmyint ရဲ့ Effective permission
(တကယ်တမ်း ရမယ့် လုပ်ပိုင်ခွင့်) က အနည်းဆုံး permission ဖြစ်တဲ့ Read ဘဲ
ဖြစ်လိမ့်မယ်။
တကယ့်
လုပ်ငန်းခွင်တွေမှာတော့ user တယောက် တကယ်တမ်းရမယ့် Permission ကို
အဲ့ဒီလို Sharing tab ကော Security tab ကော ကြည့်၊ ပြန်နှိုင်းယှဉ်၊
နည်းတာကိုယူ အစရှိတာတွေကို လုပ်ရတာ ရှုပ်တဲ့အတွက် Sharing tab မှာ Everyone
>full control permission (permission အကြီးဆုံး) ကိုပေးလိုက်တယ်။
ဒါဆိုရင် User အတွက် effective permission ကို တွက်ရင် sharing tab မှာ ဘာ
Permission ပေးထားလဲ သိစရာ မလိုတော့ဘူး။ Security tab မှာရှိတဲ့ ထို user
ရဲ့ permission ကို ကြည့်ရုံနဲ့ ရသွားတယ်။ (ဘာလို့လဲဆိုရင် logic ကို
မှတ်မိသေးတယ် မလား။ Sharing tab နဲ့ Security tab တို့မှာရှိတဲ့ user
တယောက်ရဲ့ Permission တွေကို နှိုင်းယှဉ်ပြီး အနည်းဆုံး permission ကို
ယူရတယ်ဆိုတာလေ။ Sharing tab မှာ အမြင့်ဆုံး permission ဖြစ်တဲ့ full
control ကိုပေးထားလို့ Security tab မှာ read ဖြစ်ရင် Effective permission
က read,security tab မှာ write ဖြစ်ရင် Effective permission က write,
security tab မှာ Full control ဖြစ်ရင် Effective permission က Full
control။ တွေ့တယ်နော်။ Effective permission က security tab တစ်ခုကိုဘဲ
ကြည့်ပြီး သိသွားနိုင်တယ်)
ဥပမာ
Finance folder မှာ mr.kaungmyint အတွက် Sharing tab မှာ everyone>full
control (everyone ဆိုတော့ mr.kaungmyint လည်းပါတယ်နော်)။ Security tab
မှာ mr.kaungmyint အတွက် Read ပေးမယ်ဆိုရင် မောင်ကောင်းမြင့် ရမယ့်
လုပ်ပိုင်ခွင့်က Read ဖြစ်သွားတယ်။ တွေ့တယ်နော်။ effective permission
(တကယ်ရမယ့် Permssion) ကိုတွက်ရင် Security tab မှာရှိတဲ့
မောင်ကောင်းမြင့်ရဲ့ permission ကို ကြည့်ရုံဘဲ။ sharing tab မှာရှိတဲ့
မောင်ကောင်းမြင့်ရဲ့ permission ကို
ကြည့်စရာမလိုတော့ဘူး။တကယ့်လုပ်ငန်းခွင်မှာ Sharing tab မှာ everyone>
full control ဆိုတာပေးကြပြီး Securtiy tab မှာ ဘဲ User တွေအတွက် Permission
ကို သတ်မှတ်ကြတယ်။
ပုံကို
ကြည့်ရအောင်။ File Server မှာ Movie folder နဲ့ Finance Folder ကို Share
ပေးထားတယ်။ Movie folder ကို မောင်မောင်တစ်ယောက်တည်း Fullcontrol
permission ရမယ်။ Finance Folder ထဲရှိ file/ folder များကို
မောင်ကောင်းမြင့်ကို ကြည့်ရုံဘဲ ကြည့်ခွင့်ပေးထားပြီး မောင်စည်သူဆိုရင် ထို
Folder ထဲရှိ file/ folder များကို ကြည့်ရုံအပြင် ဖျတ်ခွင့်၊
ပြင်ခွင့်ပါပေးထားတယ်။ မောင်ကောင်းမြင့်၊ မောင်စည်သူတို့က Client ဆိုတဲ့
Computer က တစ်လုံးကနေဘဲ file Server ထဲက Share folder တွေကို
လှမ်းသုံးကြမယ်။ Cleint computer ကနေ မောင်ကောင်းမြင့် ဆိုတဲ့ လူတစ်ယောက်က
စသုံးမယ်ဆိုပါဆို့။ သူက အရင်ဆုံး File Server ကို RunBox ကနေ \\192.168.2.1
ဆိုပြီး ServerIP နဲ့လည်းခေါ်တယ်။ Server က Standard sharing နဲ့ Share
လုပ်ထားတာဆိုတော့ username နဲ့ Password လာတောင်းတဲ့ box က Client computer
မှာ ပေါ်လာမယ်။
(user
name နဲ့ password ဖြည့်ရတဲ့ text box အောက်နားမှာ Remember password
ဆိုတဲ့ CheckBox ဆိုတာပါတယ်။ Username , password ဖြည့်၊ Checkbox ကို tick
လုပ်ပြီး OK နှိပ်လိုက်ရင် Client Computer ရဲ့ cache မှာ ထို server
ဝင်ကို ၀င်တဲ့ username, password ကိုသွားမှတ်ပေးလိမ့်မယ်။နောက်တခါ Client
စက်ကို restart ချ။ ပြန်တက်လာ။ပြီးရင် Server ကို runbox က နေ \\IP
နဲ့ပြန်ခေါ်ရင် ခါတိုင်းလို user name နဲ့ Password လာမတောင်းတော့ဘူး။ cache
လုပ်ထားတဲ့ user name နဲ့ password ကို သုံးပြီး ပြန်ဝင်ပေးလိမ့်မယ်။
အဲ့ဒီ cache ကို ဖျက်ချင်ရင် Run>control
userpasswords2>Advance>ManagePassword ထဲမှာ သွားဖျက်လို့ရတယ်။
ဖျက်လိုက်ပြီးရင် စက်ကို restart ချလိုက်။ပြန်တက်လာတဲ့အခါ server ကို \\IP
နဲ့ ခေါ်။ username နဲ့ password တောင်းတဲ့ box ပြန်ကျလာလိမ့်မယ်။)
(Folder
တွေကို server က simple sharing နဲ့ sharing လုပ်ထားရင် Client Computer
တစ်လုံးလုံးက Server ကို ခေါ်တဲ့အခါကျရင် username နဲ့ password တောင်းတဲ့
box ပေါ်မလာဘဲ တန်းဝင်သွားလိမ့်မယ်။ဘယ် user အနေနဲ့ ၀င်သွားလဲဆိုရင် Guest
user နဲ့ ၀င်သွားတယ်။ ဒါကြောင့် Server Computer မှာ Guest account
ဖွင့်ထားပေးဖို့လိုတယ်။ Guest account ကို disable လုပ်ထားရင် client
တစ်လုံးက ၀င်တဲ့အခါ client computer မှာ username,password box ကျလာမယ်။
username မှာ guest လို့ ပေါ်နေပြီး တခြား user
သွားပြင်လို့မရတာတွေ့လိမ့်မယ်။ password ဘာဘဲထည့်ထည့် တောင်းနေလိမ့်မယ်။
ထို error ကို တော်တော်များများ တွေ့ဖူးကြမယ်ထင်တယ်။ ဒါဆို အဲ့ဒါ ဘာကြောင့်
ဖြစ်လဲဆိုတာ သိပြီထင်တယ်။ ဘာကြောင့် ဖြစ်လဲ ထပ်ပြောရမယ်ဆိုရင်
ကိုယ်ခေါ်လိုက်တဲ့ file server က simple sharing သုံးထားတယ်။ ပြီးတော့ ထို
file server မှာ guest account ကို diable လုပ်ထားတာကြောင့်ဖြစ်တယ်)
မောင်ကောင်းမြင့်က
user name မှာ mr.kaungmyint, password xxx ပေးလိုက်တယ်။ remember
password checkbox ကို on လိုက်တယ်။ ပြီးတော့ OK နှိပ်လိုက်တယ်။
Server အပိုင်း
ဒါဆိုရင်
file server က သူ့ဆီ ခုဝင်တဲ့သူကို mr.kaungmyint အနေနဲ့
မှတ်ပုံတင်လိုက်တယ်။ (authenticate လုပ်တာကိုပြောတာပါ) ပြီးရင် share
folder တွေကို mr.kaungmyint ရမယ့် permission အတိုင်း
သတ်မှတ်လိုက်တယ်။(authorize)
File
Server computer မှာ ဘယ် Client computer က မိမိဆီကို ဘယ် user အနေနဲ့
network ကနေ ၀င်သုံးနေတယ်ဆိုတဲ့ Information ကိုကြည့်လို့ရတယ်။
Net session command ကို သုံးပြီး Command prompt မှာ ကြည့်နိုင်ပါတယ်
ပုံမှာ
ဆို Server computer မှာ net session ကို အသုံးပြုလိုက်တာ
ဖြစ်ပါတယ်။output မှာ ပြနေတာက Kyaw-FD… ဆိုတဲ့ Computer ကနေ user တစ်ယောက်က
thant zin soe ဆိုတဲ့ username ကို သုံးကာ မိမိစက်ထံ မှတ်ပုံတင်ပြီး
အသုံးပြုနေတာကို သိနိုင်ပါတယ်။
ထို user က မိမိ စက်ရဲ့ ဘယ် file တွေ ယူသုံးနေလဲ သိရှိဖို့ net file command ကို အသုံးပြုနိုင်ပါတယ်။
ဒါဆို Thant Zin Soe ဆိုတဲ့ user က မိမိ computer မှာရှိတဲ့ Screen Recorder folder ကို ဖွင့်ထားကြောင်းကို သိနိုင်ပါတယ်။
(ထို Information တွေကိုဘဲ Computer management (Run>compmgmt.msc) ရဲ့ Share folder အောက်တွင်လည်း ကြည့်နိုင်ပါသည်။)
Client အပိုင်း
ဒါဆိုရင်
မောင်ကောင်းမြင့်က မိမိအတွက် server မှာ ဆောက်ပေးထားတဲ့ account ဖြစ်တဲ့
mr.kaungmyint ဆိုတဲ့ user name နဲ့ password ကို ထည့်ပေးရတယ်။ပြီးရင်
Window တစ်ခုကျလာမယ်။
ထို
window ထဲမှာ server က share ပေးထားတဲ့ folder အားလုံးကို တွေ့ရမယ်။ ဒီ
Example မှာဆိုရင် Moive Folder နဲ့ finance folder တွေကို မြင်ရမယ်။ Movie
folder မှာ သူ့အတွက် permission မပေးထားတော့ သူဝင်ကြည့်လို့မရဘူး။ Finance
folder ကိုတော့ ၀င်ကြည့်လို့ရတယ်။ ထို ထဲက folder ,file တွေကို
ကြည့်ရုံအပြင် ပြင်ခွင့်၊ ဖြတ်ခွင့်မရဘူး။ မောင်ကောင်းမြင့်က finance
folder မှာ read permission ဘဲရတာကိုး။ မောင်ကောင်းမြင့် က computer ကို
သုံးလဲပြီးရော ပိတ်လိုက်ရော။ နောက်တစ်နေ့မှာ ထို Computer မှာဘဲ
မောင်စည်သူက လာသုံးတယ်။ server ကို \\serverIp နဲ့ လှမ်းခေါ်တယ်။ ပုံမှန်ဆို
username နဲ့ password တောင်းတဲ့ box ကျမယ်။ မောင်စည်သူက username ကို
mr.sithu ,password ဖြည့်ပြီး mr.sithu authentication နဲ့ server ကို
ဝင်သုံးရမှာ။ ဒါပေမယ့် မောင်ကောင်းမြင့်သုံးတုန်းက user name ကို remember
(save) လုပ်ခဲ့လို့ username,password တောင်းတဲ့ box ကျ မလာတော့ဘဲ
mr.kaungmyint အနေနဲ့ဘဲ server ကို ၀င်သွားလိမ့်မယ်။ (အဲ့ဒီ အချိန်ကျရင်
File Server Computer မှာ ဘယ် user အနေနဲ့ ၀င်နေလဲဆိုတာကို သိဖို့အတွက်
server computer မှာ net session command သုံးပြီး စစ်ကြည့်ရင်ရတယ်။)
မောင်စည်သူက
ဒါဆို server ကို mr.kaungmyint အနေနဲ့ authenticate လုပ်ပြီး
သုံးသလိုဖြစ်သွားတယ်။ မောင်စည်သူက finace folder ကို ကြည့်ရုံဘဲ
ကြည့်နိုင်တော့မယ်။ ဘာလို့လဲဆိုရင် mr.kaungmyint အနေနဲ့ဘဲ server ထဲ
ဝင်သွားလို့။ ဒါဆိုရင် ဘယ်လို ပြန်လုပ်လို့ ရမလဲဆိုရင် manage password မှာ
remember လုပ်ခဲ့တဲ့ mr.kaungmyint record ကို သွားပြန်ဖျက်။ client
computer ကို restart ချ။ ပြီးရင် server ကို ပြန်ခေါ်။ ဒါဆိုရင် username
နဲ့ password တောင်းတဲ့ box ကျလာလိမ့်မယ်။ mr.sithu username နဲ့ password
ဖြည့်ပေးလိုက်ရင် မောင်စည်သူက finance folder ထဲက folder တွေ၊ file တွေကို
ပြင်ခွင့်၊ဖျက်ခွင့်ရသွားပြီ။
Sharing အကြောင်းကတော့ ဒီလောက်ဆို တော်တော် သဘောပေါက်မယ်ထင်ပါတယ်။ ကျန်တော့ ကျန်သေးတယ်။ ပြောစရာတွေ။
username
နဲ့ password ထည့်စရာမလိုဘဲ auto ၀င်သွားတဲ့ case။ Manage Password
မှာလည်း ဘာမှမရှိနေဘူး။ server မှာပြန်ကြည့်တော့လည်း user account
တစ်ခုခုနဲ့ authenticate လုပ်ထားတယ်။ ဘာကြောင့် ဖြစ်မလဲ ဆိုတာရယ်။
Folder
တွေရဲ့ Security tab မှာ permission တစ်ခုပေးလိုက်ရင် ထို folder အောက်က
child folder တွေမှာ ထို security tab ရဲ့ permission အတိုင်း ဖြစ်မှာလား။
မဖြစ်စေချင်ရင် ဘာလုပ်ရလဲ။ ဖြစ်ကို ဖြစ်စေချင်ရင် ဘာလုပ်ပေးဖို့လိုသလဲ။
Hidden Share, Administrative share ဆိုတာဘာလဲ။
Owenr ship ကို ဘယ်အချိန်မှာ သုံးသင့်သလဲ။
Sharing
or security tab တစ်ခုမှာ user က user အနေနဲ့ permission တစ်ခုရမယ်။ group
အဖွဲ့ဝင် အနေနဲ့ permission တစ်ခုရမယ်။ ထို tab တစ်ခုမှာရမယ့် user အတွက်
permission ကို ဘယ်လို တွက်မလဲ။
Hidden share နဲ့ Map Network drive တွဲသုံးပြီး security ကို ကောင်းအောင် ဘယ်လိုလုပ်မလဲ။
Manage password မှာသိမ်းထားတဲ့ user တွေရဲ့ password ကို ကြည့်လို့ရမယ့် software အကြောင်း။
အစရှိတာတွေကိုတော့ နောက် Post မှဘဲ တင်ပေးတော့မယ်။
Posted by myanmarhistoricalking REF: http://www.freewebs.com/phyoeaihlaing/apps/blog/show/10267003
ကျွန်တော်လေ့လာရင်းနဲ့တွေ့လို့ ပြန်ပြီး share ပေးလိုက်ရပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)
No comments:
Post a Comment